close

သေဆုံးသူ ၇ ဦး

close

July 9, 2022

လောင်းလုံးတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၇ ဦးထိရှိလာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၇ ယောက်အထိ ရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးပျက်စီးဆုံးရှုံးမှုစာရင်းကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၈ ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီစာရင်းအရ ဇွန် ၁၆ ရက်မှ ဇူလိုင် ၆ ရက်အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၇ ယောက်ရှိခဲ့ပြီး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူ ၃ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ကို ဖမ်းဆီးထားကာ အကြမ်းဖက်မှုတွေကြောင့် နေအိမ်စွန့်ခွာထွက်ပေးရသူ ၄၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ်သား ၃၀၀ လောက်က ကုန်းလမ်းသာမက ရေလမ်းကပါ အသုံးပြု စစ်ကြောင်းထိုးခဲ့သလို လေကြောင်းကင်းထောက်တွေပါ အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းတွေရှိနိုင်တဲ့ တောတောင်တွေအထိ ဝင်ရောက်ရှာဖွေ စစ်ကြောင်းထိုးခဲ့တဲ့အပြင် အနီးတဝိုက်ကျေးရွာတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်မှ ဇူလိုင် ၄ ရက်အထိ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူ ၆၇၀ အတွက် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၃၄ သိန်းကျော် အကူညီပေးခဲ့တယ်လို့  လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

16 mins Ago

July 2, 2021

မန္တလေးဆေးရုံကြီးတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၇ ဦးရှိ

မန္တလေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါကုသဆောင်မှာ ဇူလိုင် ၁ ရက် ည ၁၂ နာရီကနေ ဇူလိုင် ၂ ရက် မနက် ၉ နာရီအတွင်း သေဆုံးသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ မဟာအောင်မြေမြို့နယ် ၃၆လမ်း၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်နေ အသက် ၆၅ နှစ်အရွယ်အမျိုးသမီး၊ မဟာမြိုင် (၁) ရပ်ကွက်နေ အသက် (၅၄) နှစ် အရွယ်အမျိုးသမီး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ရပ်နေ အသက် (၃၉) နှစ်အရွယ် အမျိုးသား၊ အသက် ၆၀ အရွယ် ကုတင် (၅၅၀) ကလေးဆေးရုံအုပ် အငြိမ်းစား၊ အောင်မြေသာစံမြို့နယ် နန်းရှေ့ မီးသတ်က အသက် (၅၃) နှစ်အရွယ် အမျိုးသား၊ အနှိတ်တော်ရပ်ကွက်နေ (၅၄) နှစ် အရွယ်အမျိုးသား နဲ့ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာနေ အသက် (၄၉) နှစ် အရွယ် အမျိုးသမီးတို့ဖြစ်ကြပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁ ရက်နေ့က ကန်တော်နဒီ Test and Care စင်တာမှာ ၈၁ ဦး နှာခေါင်းတို့ဖက် အာခေါင်တို့ဖက်ယူ စစ်ဆေးရာ အယောက် ၅၀ ပိုးတွေ့ အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။ 

1 year Ago
Up