ထိုင်းနိုင်ငံ သင်္ကြန် ၃ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် ၁၁၄ ဦးသေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ ဆုန်ကရမ်သကြင်္နပွဲတော်ကို ဧပြီ ၁၁ ရက်က စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့လှည့်ခရီးသွား တွေနဲ့ နိုင်ငံသားတွေ ပါဝင်ဆင်နွှဲနေကြတာပါ။
ဧပြီ ၁၁ ရက်ကနေ ဧပြီ ၁၄ ရက်နေ့မနက်အထိ ဆွန်ကရမ်ပွဲတော်အတွင်း တနိုင်ငံလုံးမှာ ယာဥ်မတော်တဆမှု ၁၀၅၅ ကြိမ်ဖြစ်ပွားကာ သေဆုံးသူ ၁၁၄ ဦး ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဧပြီ ၁၃ ရက်နေ့မှာ ယာဉ်မတော်တဆမှု ၄၃၇ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ကာ သေဆုံးသူ ၄၉ ဦး၊ ၄၄၈ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ အများဆုံးက ချင်းမိုင်မြို့က ဖြစ်ပြီး မြို့တော်ဘန်ကောက်မြို့က ဒဏ်ရာအများဆုံး ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆုန်ကရမ်သကြင်္န်ပွဲအားလက်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှုတွေက သတ်မှတ်အရှိန်ကျော်လွန်မောင်းနှင်မှု ၃၇ ရာခိုင်နှုန်း၊ အရက်မူးပြီးယာဥ်မောင်းနှင်မှု ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ ယာဥ်မတော်တဆမှုတွေရဲ့ ၇၉ ရာခိုင်နှုန်းက ဆိုင်ကယ်မတော်တဆမှုတွေကြောင့်ဖြစ်တယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဆုန်ကရမ်ပွဲတော်အတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်ထားပြီး ရေကစားရင်း သူတပါးကို ထိကပါးရိကပါး မဖွယ်မရာပြုလုပ်ပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ ဘတ်ငွေ ၂ သိန်း၊ ရေမကစားသူ တဦးဦးကို သွားရောက်ရေပက်ပြီး ရေပက်ခံရသူရဲ့ စမတ်ဖုန်းနဲ့ အရေးကြီးစာရွက်စာတမ်း ပျက်စီးဆုံးရှုံးသွားပါက ၃ နှစ်ထက်မပိုသောထောင်ဒဏ်နဲ့ ဘတ် ၆ သောင်း၊ ရေမကစားလိုတဲ့ တဦးဦးကို သွားရောက်ရေပက်ခဲ့ပါက ၁ နှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ ဘတ် ၁ သောင်း၊ ရေခဲတုံးနဲ့ပစ်ပေါက်ကစားတဲ့အတွက် တဖက်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ၁ လထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ဘတ် ၁ သောင်း၊ အသံချဲ့စက်တွေနဲ့ သီချင်းကျယ်လောင်စွာဖွင့်ပြီးကခုန်မှုကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ပြီး တိုင်ကြားပါက ၁ လထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ဘတ် ၂ ထောင် ပြစ်ဒဏ်ခံရမယ်လို့ ထိုင်းနိုင်ငံအာဏာပိုင်တွေက ညွှန်ကြားထားပါသေးတယ်။
ထိုင်းနိုင်ငံမှာ ဆုန်ကရမ် (သင်္ကြန်) ပွဲတော်ကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကနေစ တင်ရပ်ဆိုင်းခဲ့ပြီး အခုနှစ် ၂၀၂၃ မှာ ပြန်လည်ကျင်းပခဲ့တာပါ။
တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်ထိ သေဆုံးသူဦးရေဟာ ၄၆,၀၀၀ ကျော်သွားပြီး သေဆုံးသူဦးရေ ထပ်တိုးလာဖို့ မျှော်လင့်ထား ပါတယ်။
တူရကီနိုင်ငံအတွင်း တိုက်ခန်းတွဲပေါင်း ၂ သိန်း ၆ သောင်း ၄ ထောင် ပျက်စီးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေဆဲပါ။
ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေအောက်က အသက်ရှင် ကျန်ရစ်သူ ရှိဦးမယ့် လက္ခဏာတွေအတွက် နားထောင်နေကြပါတယ်။
တူရကီရဲ့ ခေတ်သစ်မှာ အဆိုးဆုံး ကပ်ဘေးကို စီမံခန့်ခွဲဖို့ အစိုးရက ကြိုးစားနေပေမယ့် ဆီးရီးယား နိုင်ငံထဲက ကပ်ဘေးသင့် ဓားစာခံတွေအတွက် စိုးရိမ်မှု ပိုတိုးလာနေပါတယ်။
ငလျင်သင့်ပြည်သူ ထောင်သောင်းချီကို ကူညီနိုင်ရေး ကြိုးစားနေလို့ ငလျင်သင့်ဒေသကို သွားခွင့်ပိတ်ထားတာကို ရပ်တံ့ဖို့ နိုင်ငံအနောက်မြောက်ပိုင်းက အာဏာပိုင်တွေကို ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP) က ဖိအားပေးနေပါတယ်။
တူရကီနိုင်ငံအတွင်း ငလျင်သင့် သေဆုံးသူဦးရေ ၄၀,၆၄၂ ယောက် ရှိပြီး အိမ်နီးချင်း ဆီးရီးယား နိုင်ငံထဲမှာတော့ သေဆုံးသူဦးရေ ၅၈၀၀ ကျော် ရှိတာကို အစီရင်ခံထားပါတယ်။