close

သေဆုံး

close

May 7, 2023

မေ ၆ တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၆၀ သေဟု NUG ပြော

မေ ၆ မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၆၀ သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး မြောင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို ဒေသခံတွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှာတော့ အကြမ်းဖက်စစ် ကောင်စီတပ်တွေက ဒေသခံတွေကို လေကြောင်းနဲ့ ပစ်ခတ်ခဲ့ကြသလို ဖယ်ခုံမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ KNLA+PDF တပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဘီးလင်းမြို့နယ်မှာလည်း အကြမ်း ဖက်စစ်ကောင်စီတပ်တွေနဲ့ KRF+PDF အဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန် မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့တယ်လို့လည်း ဆိုပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးမှာ ၁၁ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးတို့မှာ ၂ ကြိမ်စီ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်း ဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင် သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

10 hours Ago

April 28, 2023

ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သေဆုံးဟု KNDF ထုတ်ပြန်

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့အစပ်မှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကနေ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဧပြီ ၂၄ ရက်နဲ့ ၂၆ ရက်နေ့က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ KNDF က ဧပြီ ၂၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဧပြီ ၂၄ ရက်က ကရင်နီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ် ၁၂ လက် သိမ်းဆည်းရမိခဲ့သလို ဆက်သွယ်ရေးစက်နဲ့ ခဲယမ်းမီးကျောက်၊ အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ ဧပြီ ၂၆ ရက် မနက်ပိုင်းကလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀ တပ်ရင်းတပ်ဖွဲ့တွေကို ကရင်နီ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် ၁၀ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကာ လက်နက်ကြီး လက်နက်ငယ် ၁၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း KNDF တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လဆန်းပိုင်းကစပြီး ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအသုံးပြု ပစ်ခတ်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အရပ်သားပြည်သူတွေရဲ့ ဆေးရုံဆေးခန်းအပြင် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

မနေ့ညက ဒီးမော့ဆိုအနောက်ခြမ်းက PDF နေရာတခု လေကြောင်းတိုက်ခိုက်ခံရလို့ စခန်းအဆောက်အဦတွေ ပျက်စီးကာ တော်လှန်ရေးရဲဘော်တယောက် သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာလည်း ရှမ်း-ကယားနယ်စပ်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေပါတယ်။

1 week Ago
Up