close

သေဒဏ်ချမှတ်ခံရ

close

January 21, 2023

၂ နှစ်အတွင်း စစ်တပ်က ပြည်သူ ၂၇၉၆ ဦးကို သတ်ဖြတ်၊ သေဒဏ်ချမှတ်ခံရ သူ ၁၄၃ ဦးရှိ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၉၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၄၀၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၆၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၁၅၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၁ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၆၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဇော်မင်းထွန်း (ခ) ဘူးသီးနဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်ခိုင်တို့ ၂ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး အကြမ်း ဖက်စစ်အုပ်စုတပ်က ဇန်နဝါရီ ၁၈ ရက် ညပိုင်းအချိန်မှာ သူတို့နေအိမ်အတွင်းကို ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၈ ၁ ရက်တည်းမှာပဲ မနက်ပိုင်းအချိန်က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာနဲ့ ၅ မိုင်လောက် ကွာတဲ့နေရာမှာ အင်အား ၇၀ ကျော်ပါဝင်တဲ့ တပ်မ ၈၈ လက်အောက်ခံ ခြေလျင် တပ်ရင်းက စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေ့ညနေ ၆ နာရီ ဝန်း ကျင်အချိန်မှာ မိုးတားလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ် ၂ စီးနဲ့ မီးလောင်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ယောက် မီးလောင်သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကတော့ မိုးတားလေးကျေးရွာက အမျိုးသမီး ၆ ယောက်ဖြစ်ကြတဲ့ ဒေါ်ညို၊ ဒေါ်တင်ငြိမ်း၊ ဒေါ်စန်းမြင့်၊ မအေးခိုင်၊ ဒေါ်ခင်မာကြည်၊ ဒေါ်ဥဥထွေးနဲ့ အမျိုးသား ၁ ယောက်ဖြစ်တဲ့ ဦးမောင်လွင်တို့ ဖြစ်ကြတယ်လို့ အေအေပီပီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

6 mins Ago

September 29, 2020

မူကြိုကလေးငယ်များကို အဆိပ်ခတ်ခဲ့သည့် တရုတ်ဆရာမ ၁ ဦး သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံမှာ မူကြိုကလေးငယ် ၂၅ ယောက်ကို အဆိပ်ခတ်မှုနဲ့ ကျောင်းဆရာမတစ်ဦးကို တရားရုံးက  စက်တင်ဘာ ၂၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ မနှစ်က ဟီနန်ပြည်နယ် ကျောင်းဇိုမြို့ရှိ မူကြိုကျောင်းတစ်ခုက ကလေးငယ်တွေဟာ မနက်စာ ဆန်ပြုတ်စားပြီး အန်တာနဲ့ မေ့လဲတာတွေ ဖြစ်ခဲ့တာကြောင့် ဆေးရုံအမြန် ပို့ခဲ့ရပါတယ်။   အဲဒီနောက် ကလေးငယ်တွေကို မူကြိုဆရာမက အဆိပ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပြီးနောက် ရဲက စုံစမ်းစစ်ဆေးပြီး ဆရာမ ဝမ်းယန်ကို  ဖမ်းဆီးခဲ့တာပါ။ မူကြိုဆရာမ ဝမ်းယန်ဟာ လုပ်ဖော်ကိုင်ဖက်ဆရာမနဲ့  စကားများပြီးနောက် လက်စားချေတဲ့ အနေနဲ့ အဲဒီဆရာမကလေးတွေရဲ့ မနက်စာထဲမှာ ဆိုဒီယမ်နိုက်ထရိတ်ကို ထည့်ခဲ့တယ်လို့ တရားရုံးက ပြောဆိုပါတယ်။ မနှစ်က မတ် ၂၇ မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် တရုတ်တနိုင်ငံလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ ပါလာခဲ့ပါတယ်။ အဆိပ်ခတ်ခံရတဲ့ ကလေးငယ်တစ်ဦးဟာလည်း ၁၀ လကြာ ဆေးရုံတက်ခဲ့ရပြီးနောက်  ပြီးခဲ့တဲ့ဇန်နဝါရီလက ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်မှာတော့ တရားရုံးက ဆရာမဝမ်းယန်ဟာ ကလေးတွေ သောက်မယ့် ဆန်ပြုတ်ထဲ ဆိုဒီယမ်နိုက်ထရိတ် ထည့်ခဲ့တယ်လို့ ထုတ်ပြန်ပြီး သူ့ကို သေဒဏ်ချမှတ်လိုက်တာပါ။   ဒါ့အပြင် မစ္စဝမ်းယန်အနေနဲ့ မူကြိုကလေးငယ်တွေကို အဆိပ်ခတ်တာက ပထမဆုံး မဟုတ်ဘဲ အစောပိုင်းတုန်းက သူဟာ အွန်လိုင်းကနေ ဆိုဒီယမ်နိုက်ထရိတ် မှာယူပြီး ဒဏ်ရာရထားတဲ့ ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်ဖူးတယ်လို့လည်း တရားရုံးက  ပြောပါတယ်။
2 years Ago
Up