close

သေဒဏ်ပေးကွပ်မျက်

close

August 21, 2022

ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ)

အကျဉ်းထောင်ထဲမှာ ကြိုးပေးကွပ်မျက်ခံရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် သူရဲကောင်းတွေအတွက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို  ဩဂုတ် ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးရှေ့မှာ ကျင်းပပါတယ်။

မတရားမှုတွေအတွက် ဆန့်ကျင်ဆန္ဒပြပွဲကို အလင်းရောင်လူငယ်များအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး   “လူငယ့်ဆန္ဒ ပြည်သူ့ဆန္ဒ။ ပြည်သူ့ဆန္ဒ လူငယ့်ဆန္ဒ၊ မတရားမှုမှန်သမျှ အားလုံးဆန့်ကျင်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့  စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့  ၄ ယောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အကျဉ်းထောင်ထဲတွင်း သေဒဏ်ပေး ကွက်မျက်ခဲ့တာဖြစ်ပါတယ်။

1 min Ago
Up