close

သေနတ်ကိုင်အကြမ်းဖက်မှု

close

June 8, 2022

သေနတ်ကိုင်အကြမ်းဖက်မှုကို အမေရိကန်တွင် ဆန့်ကျင်ဆန္ဒပြ

ဆန်ဖရန်စစ္စကိုနဲ့ ဝါရှင်တန်ဒီစီရှိ လူအများအပြားဟာ ဇွန် ၄ ရက်က လိမ္မော်ရောင်ဝတ် သီတင်းပတ်လှုပ်ရှားမှုအဖြစ် သေနတ်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

လိမ္မော်ရောင် တီရှပ်တွေ ဝတ်ဆင်ပြီးတော့ သေနတ် အကြမ်းဖက်မှုကို အဆုံးသတ်ပစ်ရမယ် ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး နိုင်ငံတွင်း သေနတ်အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ 

“ဒါက ကပ်ရောဂါအသစ်ပါ။ ဖြစ်ပျက်နေသလောက်လည်း ပြင်းထန်နေပါတယ်။ သေနတ်အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ လိုပါတယ်။ သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် တရက်ကို လူ ၁၁၀ သေဆုံးနေပြီး ဒါကို အဆုံးသတ်ဖို့ ဥပဒေသစ်တွေကို ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်ပါတယ်။ သေနတ်အကြမ်းဖက်မှု ကြားဝင်ဆောင်ရွက်ရေးအစီအစဉ်တွေကို ရန်ပုံငွေပေးဖို့ လိုပါတယ်။ ဒါကို အလေးအနက်ထားဖို့ လိုပါတယ်။ အဲဒါက သတင်းမှာ ပုံမှန်ကြားနေရတဲ့ အဖြစ်အပျက်တွေတင်မကဘဲ နေ့စဉ် သေနတ်အကြမ်းဖက်မှုတွေကြောင့် သေဆုံးနေရပါတယ်” လို့ ဆန်ဖရန်စစ္စကိုမြို့ရှိ ဆန္ဒပြသူ Sharon Jenkins က ပြောကြားခဲ့ပါတယ်။ 

ဇွန် ၃ ရက်နေ့အထိ အခုနှစ်အတွင်း အမေရိကန်မှာ အနည်းဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂၃၃ မှု ဖြစ်ပွားခဲ့ပြီး တရက်ကို ပျမ်းမျှ တိုက်ခိုက်မှု ၁ ဒသမ ၅ ကြိမ်ရှိကြောင်း Gun Violence Archive သုတေသနအဖွဲ့က သိရပါတယ်။ 

ဇွန်လရဲ့ ပထမဆုံး သောကြာနေ့ကို အမျိုးသားသေနတ် အကြမ်းဖက်မှု အသိပညာပေးနေ့အပြီးမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိမ္မော်ရောင်ဝတ် သီတင်းပတ် လှုပ်ရှားမှုကို အခုနှစ် ဇွန် ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပတာပါ။ 

လိမ္မော်ရောင်ဟာ လူတွေက သေနတ်အကြမ်းဖက်မှုရဲ့ နောက်ထပ် သားကောင်မဖြစ်လိုကြောင်း အချက်ပြပြီး လူ့ဘဝတန်ဖိုးကို ကိုယ်စားပြုတာဖြစ်ပါတယ်။

4 mins Ago

June 1, 2022

သေနတ်ကိုင်အကြမ်းဖက်မှုကို လော့စ်အိန်ဂျလိစ် အထက်တန်းကျောင်းသားများ ဆန့်ကျင်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ရှိ မစ်ဂွဲလ်ကွန်ထရီရာ့စ် သင်ကြားရေးစင်တာ အထက်တန်းကျောင်းက ကျောင်းသားတွေဟာ မေ ၃၁ ရက်က ကျောင်းပြင်ပကို ထွက်လျှောက်ပြီး သေနတ်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

တက္ကဆက်ပြည်နယ်၊ ယူဗဲဒီမြို့ မူလတန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း ကလေးတွေနဲ့ ဆရာ အပါအဝင် ၂၁ ဦး သေဆုံးခဲ့ရပြီး တပတ်အကြာမှာ ခုလို ဆန္ဒပြခဲ့တာပါ။

လော့စ်အိန်ဂျလိစ်မြို့တော်ခန်းမ အပြင်ဘက်မှာ စုရုံးနေကြတဲ့ ကျောင်းသားတွေဟာ အလံတွေဝှေ့ယမ်းပြီး သေနတ်ကိုင်ဆောင်မှု ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ကြပါတယ်။

“ဒီအဆောက်အအုံမှာ ချေမှုန်းရေးလက်နက်တွေကို တားမြစ်ထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ချေမှုန်းရေးလက်နက်တွေ ပျံ့နေတာကို တားမြစ်ထားကြောင်းနဲ့ ဒါကိုလည်း ဝါရှင်တန်က တားမြစ်ထားတာပါ”လို့ ကောင်စီဝင် ပေါလ်ခရက်ခေါ်ခီယံက လူစုလူဝေးကို မိန့်ခွန်းပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သေနတ်နဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ သမ္မတအနေနဲ့ သူလုပ်နိုင်သမျှတွေကို ကြည့်ရှုနေကြောင်း အိမ်ဖြူတော်က မေ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

1 week Ago
Up