close

သေနတ်ကိုင်အမျိုးသမီး

close

October 26, 2022

အင်ဒိုနီးရှားသမ္မတနန်းတော်အနီးတွင် သေနတ်ကိုင်ထားသည့် အမျိုးသမီး ၁ ဦးအား ဖမ်းဆီး

ဂျကာတာရှိ မာဒေးကား သမ္မတနန်းတော် အပြင်ဘက်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတဦးကို အင်ဒိုနီးရှား အာဏာပိုင်တွေက အောက်တိုဘာ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိချိန်က သမ္မတ ဂျိုကိုဝီဒိုဒိုလည်း ရှိမနေခဲ့သလို ထိခိုက်ဒဏ်ရာရမှု တစုံတရာလည်း မရှိကြောင်း သိရပါတယ်။

အသက် ၂၀ လောက်ရှိမယ့် အမျိုးသမီးဟာ မျက်လုံးကိုပဲ ဖော်ထားတဲ့ နိကဘ် ခေါင်းမြီးခြုံထည်ကို ဝတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ နန်းတော်အနီးမှာ သေနတ်ကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ပြီးနောက်မှာ လုံခြုံရေးအရာရှိတွေက ဖမ်းဆီးထားလိုက်ပေမဲ့ နန်းတော်ဝင်းထဲကိုတော့ မဝင်ရောက်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတအိမ်တော်နယ်မြေထဲကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ အဲ့ဒီအမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး အောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့သလို အခြေအနေက ရှင်းလင်းသွားပါပြီလို့ ဂျကာတာရဲမှူးကြီးက ပြောပါတယ်။

မှုခင်းဆေးပညာ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး သေနတ်ကိုလည်း စက်ရုံထုတ်လား ဒါမှမဟုတ် လက်လုပ်သေနတ်လား ဆိုတာ စစ်ဆေးမယ်လို့ ပြောဆိုသွားပါတယ်။

1 min Ago
Up