close

သေနတ်ဒဏ်ရာ

close

May 7, 2022

မဟာအောင်မြေမြို့နယ်၌ အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားမှာ မေလ ၇ ရက် မနက် ၁၀ နာရီခွဲလောက်က  အမျိုးသားတယောက်  သေနတ်မှန် ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ညာဘက်လက်ပြင်​အောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိကာ FZ အမျိုးအစား ဆိုင်ကယ်ဘေးမှဦ သေဆုံးနေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

သေဆုံးသူရဲ့ ဘောင်းဘီ အိပ်အတွင်းကနေ မှတ်ပုံတင်တခုတွေ့ရှိခဲ့ပြီး ဦးထွန်းဝေ ဆိုသူဖြစ်ကာ ရုပ်အလောင်းကို ဆေးရုံကြီးမှာ တင်ပို့ထားပါတယ်။

ဘာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးတယ်ဆိုတာနဲ့ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

11 hours Ago

April 15, 2022

ထီးလင်းမြို့တိုက်ပွဲ၌ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးသွားသည့် ဗိုလ်ကြီး ၁ ဦး၏ အလောင်းတွေ့

မကွေးတိုင်း၊ ထီးလင်းမြို့တိုက်ပွဲမှာ သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီဗိုလ်ကြီး တယောက်ရဲ့ အလောင်းကို ဧပြီ ၁၅ ရက်မှာ တွေ့ရှိခဲ့တယ်လို့ YDF ထီးလင်းကနေ သိရပါတယ်။

သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက ထီးလင်းမြို့ကော်မရှင်ရုံးထဲမှာ  သောက်စားမူးယစ်နေတဲ့  စစ်ကောင်စီတပ်က ဗိုလ်ကြီးနေလင်းအောင်နဲ့ အပေါင်းပါတွေကို YDF-ထီးလင်းက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံး   ၂ ယောက်ဒဏ်ရာရရှိသွားပြီး ဗိုလ်ကြီးနေလင်းအောင်က သေနတ်ဒဏ်ရာနဲ့ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ထီးလင်း YDFရဲ့ခေါင်းဆောင် တဦးက “ ထီးလင်းမြို့ ကော်မရှင်ရုံးထဲမှာ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက  YDF ထီးလင်းက ပစ်ခတ်လိုက်လို့ ပေါင်မှာ သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီး နေလင်းအောင်အလောင်းကို ဒီကနေ့မနက်ပိုင်းက ကျွဲနွားတွေသောက်တဲ့ ရေအိုင်နားမှာ တွေ့ရှိခဲ့တယ်”လို့ ပြောပါတယ်။

ဗိုလ်ကြီးနေလင်းအောင်ရဲ့ အလောင်းကို ထီးလင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပြီး အလောင်းကို ပြန်ထုတ်ကာ ဒီကနေ့မနက်ပိုင်းမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူက ထီးလင်းတပ်ကတော့ မဟုတ်ဘူး။ ထီးလင်းမြို့ပေါ်မှာ အခြေစိုက်တာဝန်ကျနေတာ ကြာနေပြီ။ ထီလင်းမြို့ပေါ်မှာတော့ သူအကြီးဆုံးပဲ။ ထီးလင်းမြို့မှာက မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ စခန်းမှူးတွေ မရှိသလို အဲဒီစစ်ကောင်စီဗိုလ်ကြီးနဲ့ ဒုရဲအုပ်တစ်ယောက် ပေါင်းပြီး ကွပ်ကဲနေတာ” လို့ ထီးလင်း YDFရဲ့ခေါင်းဆောင်က ပြောပါတယ်။

သေနတ်ပစ်ခတ်သံကြားလို့ မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ စစ်ကူလိုက်လာရာမှာ ခြုံခို တိုက်ခိုက်ခံရပြီး  စစ်ကောင်စီတပ်သား ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းက ထီးလင်းပြည်သူ့ဆေးရုံမှာ စစ်ကောင်စီတပ်သား အများအပြားတွေ့ရတယ်လို့လည်း မြို့ခံ တယောက်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

3 weeks Ago
Up