close

သေနတ်ပစ်ခံရ

close

April 28, 2023

မူဆယ်တွင် လုံထန်ပြည်သူ့စစ်‌ လုံခြုံရေးတာဝန်ခံ ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြိုမှာ ဧပြီ ၂၇ ရက် မနက် ၉ နာရီလောက်က လုံထန်ပြည်သူ့စစ်လုံခြုံ‌ရေးတာဝန်ခံ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ မူဆယ်မြို စက်မှုရပ်ကွက် မင်းထိပ်ခေါင် ၃ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း ပစ်ခတ်ခံရတာလို့ ပြောပါတယ်။

ဒေသခံတဦးက"မနက် ၉ နာရီဝန်းကျင်လောက်က အသတ်ခံလိုက်ရတာ၊ လက်ဖက်ရည်ထိုင်သောက်နေရင်း အနီးကပ် သေနတ်နဲ့ အနောက်ကနေ လာပစ်သွားတာ။ နေရာမှာပဲ သေဆုံးသွားတယ်" လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်တာ မရှိသေးသလို ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာလည်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့လယ်ကလည်း သိန်းသန်းချီကားကွင်းအနီး ဘဏ်လုံခြုံရေးယူနေတဲ့ လုံထန် ပြည်သူ့စစ်နှစ်ယောက်ကို  အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြိုဟာ တရုတ်-မြန်မာနပ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲစုံရှိပြီး မကြာခဏ စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့တွေဟာ အမည်မသိလက်နက်ကိုင်တွေရဲ့  ပစ်ခတ်တာ ခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 hours Ago

March 31, 2023

မြောက်ဒဂုံတွင် အငြိမ်းစားဝန်ထမ်း အမျိုးသမီး ၁ ဦး သေနတ်ပစ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်မှာ မတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီက စျေးဝယ်ပြီး နေအိမ်ကို ကားနဲ့ပြန်လာတဲ့ မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား လက်ထောက်မန်နေဂျာ အမျိုးသမီးတဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နန္ဒဝန်စျေးကနေ စျေးဝယ်ပြီး နေအိမ်ကို ကားနဲ့ပြန်လာစဥ် နေအိမ်အရှေ့မှာ အမည်မသိ အမျိုးသားတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကားနဲ့ပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်တာ၊ ကံကောင်းလို့မသေတာ၊ ခြေထောက်ပဲထိသွားတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်လာပြီး စစ်တပ်က ပစ်ခတ်မှုဖြစ်ရာနေရာက ကျည်ခွံတွေနဲ့ CCTV မှတ်တမ်းကို ယူသွားတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အဲ့အမျိုးသမီးက အရင်က သစ်လုပ်ငန်းမှာလုပ်တာ၊ အခုတော့ မလုပ်တော့ဘူး၊ အငြိမ်းစားယူထားတယ်၊ ဘာကြောင့်ပစ်လဲတော့မသိဘူး။”

လတ်တလောမှာ မြောက်ဒဂုံ ၃၄ ရပ်ကွက်ရှိ လမ်းတချို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေ၊ စက်ဘီးစီးသူတွေနဲ့ ဆိုင်ကယ်စီးသူတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

4 weeks Ago
Up