close

သေနတ်ပစ်ပြိုင်ပွဲ

close

September 9, 2022

ကလေး PDF တပ်ရင်း-၁၄ သင်တန်းဆင်းပွဲနှင့် သေနတ်ပစ်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စက်တင်ဘာ ၉ ရက်က စစ်ကောင်စီတပ်တွေ ကျေးရွာတွေမီးရှို့လို့ နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း-၁၄ သင်တန်းဆင်းပွဲနဲ့ သေနတ်ပစ်ပြိုင်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ကလေး PDF တပ်ရင်း-၇ က တပ်ရင်းမှူးတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ရင်းမှူးတွေနဲ့ ဒေသခံ မိဘပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါသင်တန်းမှာ သင်တန်းသားဦးရေ ၁၄၀ ကျော် သင်ကြားပို့ချခဲ့ပြီး အခြေခံစစ်ပညာနဲ့ ကိုယ်ခံပညာတွေကို အဓိကထားပြီး သင်‌ကြားပေးခဲ့ကာ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သင်တန်းသားတွေကို သေနတ်ပစ်ပြိုင်ပွဲပါ တွဲပြီး ကျင်းပပေးခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်ရတာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ပိုပြီး ခက်ခဲလာရကြောင်း၊ လမ်းပန်းဆက်သွယ်‌ေရး အခက်အခဲတွေကြောင့် စားနပ်ရိက္ခာတွေ အလုံအလောက် မရောက်ရှိကြောင်း စစ်‌ေဘးရှောင်တယောက်က ပြောပါတယ်။

လက်ရှိ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေကြတာပါ။

စစ်ကောင်စီတပ်က ကလေးမြို့နယ်ကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၆ လကျော်နေပြီလည်း ဖြစ်ပါတယ်။

2 hours Ago
Up