close

သေနတ်ပစ်သတ်ခံရ

close

May 1, 2023

ဖားကန့်တွင် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထေါင်ရပ်ကွက် ကျောက်စိမ်းတောင် တံတားအနီးမှာ မေ ၁ ရက် မနက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အရပ်သား အမျိုးသားတဦးအား‌ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်အစောကြီး အေဒင် လက်ဖက်ရည်ဆိုင်နားမှာတွေ့ရတာ။ တကိုယ်လုံးလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့။ ကြိုးတုပ်ပြီး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့တယ်။ သေနတ်ဒဏ်ရာကတော့ ၄ ချက်တွေ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုအောင်ကျော်ဦးဖြစ်တယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

“ကိုအောင်ကျော်ဦးက မှော်ဝမ်းရပ်ကွက်မှာနေတာ။ အရင်ကတော့ သပိတ်စစ်ကြောင်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဘူးတယ်။ ပြီးခဲ့တဲ့ တလ ကျော်လောက်ကတည်းက ပျောက်နေတာ။ အခု အလောင်းပြန်တွေ့တော့ ကြိုးတုပ်ရိုက်နှက်ဒါဏ်ရာတွေ အလောင်းမှာတွေ့တယ်။ သေနတ်နဲ့ အပစ်ခံရတာကတော့ ရင်ဘတ်၊ ပုခုံး၊ လက်မောင်းနဲ့ ဦးခေါင်းမှာ ကျည်ဒဏ်ရာတွေတွေ့တယ်။”

ကိုအောင်ကျော်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ရက်နေ့ကလည်း ဖျာ၊ ခေါင်းအုံး ရောင်းချတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

5 hours Ago

February 3, 2023

လှိုင်မြို့နယ်တွင် လူဦးရေစာရင်းကောက်ရာမှာ ပါဝင်သည့် အရန်မီးသတ် ၁ ဦး သေနတ်ပစ်ခံရ သေဆုံး

ရန်ကုန်၊ လှိုင်မြို့နယ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းမှာ ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ ညနေ သုံးနာရီခွဲက လူဦးရေစာရင်း ကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ အရန်မီးသတ်တဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နေအိမ်တိုက်ခန်းပေါ်မှ ဆင်းလာတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးကို ဒီနေ့ ညနေ ၃ နာရီက သူ နေထိုင်ရာ တိုက်ရှေ့မှာပဲ အမည်မသိအမျိုးသားနှစ်ဦးက ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပေါ်ကဆင်းလာတဲ့အချိန် စက်ဘီးနဲ့လာပစ်သွားတာ။ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်နဲ့ သေတယ်။ သူ့ကို သန်းခေါင်စာရင်းကောက်တုန်းက ပါလို့ အသတ်ခံရတယ်လို့လည်း ပြောနေတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်အတွင်း လှိုင်၊ မြောက်ဥက္ကလာပနဲ့ သုံးခွမြို့နယ်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးတဦးနဲ့ အရန်မီးသတ်တဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပစ်ခတ်မှု့နဲ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗိုလ်မှူးသုံးဦး အပါအဝင် ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

3 months Ago
Up