close

သေနတ်ဖြင့်ပစ်သတ်ခံရ

close

July 12, 2021

ခင်ဦးမြို့ စားသောက်ဆိုင်တခုတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ ခင်ဦးလမ်းဆုံ ဗျူဟာလမ်းက စားသောက်ဆိုင်တခုမှာ ဇူလိုင် ၁၂ ရက် နေ့လယ် ၂ နာရီလောက်က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ခင်ဦးလမ်းဆုံ စားသောက်ဆိုင်မှာ စားသောက်နေစဉ် ဆိုင်ကယ်စီးသေနတ်သမားတွေက လာရောက် ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အပြစ်မဲ့သူကို မထိခိုက်စေရဘူး၊ သူကတော့ စစ်ကောင်စီသတင်းပေး ဒလန် မို့ရှင်းတာလို့ သေနတ်ပစ်ခတ်သူ ဆိုင်ကယ်ကယ်သမားတွေက အော်ပြောသွားတယ်။”

သေဆုံးသွားသူဟာ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာရှာပေးပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းကို ပေးပို့နေတဲ့ နာမည်ကြီးသူတစ်ဦးဖြစ်သလို လောင်းကစားဒိုင်းအဖြစ်လုပ်ကိုင်ပြီး စစ်ကောင်စီ တပ်ဖွဲ့တွေဆီကို ဝင်/ထွက်ကာ ရိက္ခာနဲ့ငွေကြေး ရှာဖွေထောက်ပံ့ပေးနေသူ ဖြစ်တယ်လို့ တု်ပါတယ်။ 

လတ်တလောအချိန်အထိ အလောင်းလာကောက်တာ မရှိသေးဘူးလို့ သိရပါတယ်။

1 month Ago
Up