close

သေနတ်ဖြင့် ပစ်ခံရ

close

April 22, 2023

ကျောက်ပန်းတောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ဧပြီ ၂၁ မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို တမ္မဝတီရပ်ကွက်မှာ အမည်မသိ သေနတ်သမားအဖွဲ့က သေနတ်ဖြင့် ငါးချက်ထက် မနည်း ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာ  ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရ ပါတယ်။

ကျောက်ပန်းတောင်းဒေသခံ အမျိုးသမီး တဦးက "မနက် ၁၀ နာရီလောက်က တမ္မဝတီရပ်ကွက်  မူလတန်းကျောင်းနားမှာ ဈေးက ပြန်လာတာထင်တယ် အပစ်ခံရတာ။ အားလုံးပေါင်း ကျည် ဒဏ်ရာ ငါးချက်လောက်ရှိတယ်။ မျက်နှာနဲ့ ရင်ဘတ်မှာ ကျည်ဒဏ်ရာတွေရသွားတယ်။ စိုးရိမ်ရတယ်။ ဘယ်သူပစ်တာလဲ ဆိုတာတော့ မသိရဘူး "လို့ ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးညွန့်ဝေကို ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံမှ တဆင့် မိတ္ထီလာ စစ်ဆေးရုံကို ပို့ဆောင်ဆေးကုသနေကြောင်း သိရပါတယ်။

2 hours Ago

November 9, 2021

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ တာဝန်ခံ သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာက ကျေးရွာတာဝန်ခံ ရာအိမ်မှူး နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၅၀ ကျော်အရွယ် ကျည်တောက်ပေါက် ကျေးရွာတာဝန်ခံ ဦးမောင်ငယ်ဟာ ဆိုင်ကယ်နဲ့ ထွက်လာချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ပစ်ခံရတာ။ သူက စစ်ကောင်စီ သတင်းပေးဆိုပြီး နာမည်ထွက်နေတယ်။ ပစ်ခံရတာ မသေဘူးတဲ့။ မနေ့ကတော့ စစ်ကားတွေ အဲ့ဒီရွာဘက်သွားတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတာကြောင့် ကျည်တောက်ပေါက် ကျေးရွာတာဝန်ခံ ဦးမောင်ငယ်မှာ စိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပြီး ကျည်တောက်ပေါက် တိုက်နယ်ဆေးရုံကနေ ပြင်ဦးလွင်စစ်ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

1 year Ago
Up