close

သေနတ်ဖြင့် ပစ်သတ်ခံရ

close

October 5, 2021

မြစ်ငယ် မီးရထားဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးမြို့ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ နှင်းဆီရပ်ကွက်မှာ အောက်တိုဘာ ၅ ရက် မနက် ၇ နာရီခွဲအချိန်လောက်က Non CDM မီးရထားဝန်ထမ်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ပစ်သတ်ခံရသူဟာ မီးရထား AE ဦးစံထွန်းမြိုင်ဆိုသူဖြစ်ပြီး  မြစ်ငယ်မြို့မစျေးကနေ ဆိုင်ကယ်နဲ့ ပြန်လာချိန် အမည်မသိ လူတစ်စုက သေနတ်နဲ့ ၃ ချက်ပစ်သွားတာလို့ သိရပါတယ်။

CDM မီးရထားဝန်ထမ်းတစ်ဦးက “မီးရထားအသိုင်းအဝိုင်းမှာ​တော့ သူက စစ်ကောင်စီဘက်တော်သား။ သူ လက်ထောက်ချလို့ အဖမ်းခံရတဲ့ CDM ဝန်ထမ်းတွေ ရှိတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရသူ ဦးစံထွန်းမြိုင်ကို နန်းတွင်းဆေးရုံတင်ပို့ခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

3 days Ago

September 22, 2021

မိုးကုတ်မြို့ လျှပ်စစ်မီတာရုံးက ဝန်ထမ်းတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း မိုးကုတ်မြို့ လျှပ်စစ်မီတာရုံးက Non CDM ဝန်ထမ်းတဦး စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "EPC ရုံးထဲဝင်ပစ်သွားတာ၊ ပွဲချင်းပြီး သေတယ်၊ ခေါင်းကိုပစ်သွားတာ။ မီတာလိုက်ကောက်တာ၊ မီးဖြတ်တာ သူတို့ပဲလုပ်နေတာ။ Non CDM ဗိုလ််ကြီး ဆန်းဝင်း" လို့ ပြောပါတယ်။

သေဆုံးသူဟာ စစ်ကောင်စီတပ်က နည်းပညာပိုင်းဗိုလ်ကြီးတစ်ဦးဖြစ်ပြီး တပ်ကနေ မိုးကုတ် လျှပ်စစ်ရုံးကို ပြောင်းလာတာမကြာသေးဘူးလို့ သိရပါတယ်။

မိုးကုတ်မှာ လျှပ်စစ်မီတာရုံးကနေ မီတာခ ငါးလစာကောက်ခံတာတွေကို လုပ်ဆောင်နေတဲ့အပြင် စက်တင်ဘာ ၂၁ ရက်နေ့ကနေ စက်တင်ဘာ ၂၂ ရက်နေ့ နေ့ခင်းအထိ မီးပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် မီးတွေပါ ဖြတ်ပြီး စစ်ဆေးတာ၊ ဖမ်း​ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

2 weeks Ago
Up