အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ မန်ယူကွင်းလယ်လူ ကတ်စမီရိုလောက် မကောင်းဘူးလို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောသွားပါတယ်။
ကွင်းလယ်ကစားသမားနှစ်ယောက်စလုံးက အသင်းအတွက် အရေးပါတာချင်း တူညီကြပေမဲ့ ပါတေးက ကတ်စမီရိုရဲ့ အချက်အလက်တွေလောက် မကောင်းကြောင်း ဖာဒီနန်က ပြောပါတယ်။
“ပါတေးက ကတ်စမီရို လုပ်ဆောင်နေတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေလောက် ကောင်းမွန်တယ်လို့ မထင်ပါဘူး။ ဘောလုံးနဲ့အတူ ပေးပို့မှုတွေမှာ ပိုပြီး လုပ်ကောင်း လုပ်နိုင်ပေမဲ့ မန်ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းအတွက်ဆိုရင်တော့ ပါတေးက အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ဖာဒီနန်က ပြောပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ပါတေးဟာ ဘောလုံးပေးပို့မှုတွေမှာတော့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်တယ်လို့ ဖာဒီနန်က ပြောပါတယ်။
Opta ရဲ့ အချက်အလက်အရ ကတ်စမီရိုက ဂိုးသွင်းခွင့်ဖန်တီးနိုင်မှုမှာ ပါတေးထက် တကြိမ်အသာရသလို ဖျက်ထုတ်မှုမှာလည်း ပါတေးထက် ၁၂ ကြိမ် အသာရနေတာပါ။
ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်နိုင်မှုတွေမှာတော့ ပါတေးက ကတ်စမီရိုထက် ၂၈ ကြိမ်ပိုများပြီး ခေါင်းတိုက်ပေးပို့မူတွေမှာလည်း တိကျမှု ပိုရှိနေပါတယ်။