close

သံဃာအပါး ၅၀

close

August 21, 2021

ပြင်ဦးလွင်မြို့ ကျောင်းတိုက်အချို့က သံဃာအပါး ၅၀ နီးပါး ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးတိုင်း  ပြင်ဦးလွင်မြို့ ရတနာမာန်အောင်ကျောင်းတိုက်နဲ့ ပြင်စာမစိုးရိမ် ကျောင်းတိုက်တို့မှ သံဃာအပါး ၅၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှုအသင်းက သိရပါတယ်။

ဩဂုတ် ၂၁ ရက်နေ့က ပြင်စာမစိုးရိမ်ကျောင်းတိုက်မှ သံဃာအပါး ၂၀ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ပြီး အဲ့ဒီကျောင်းတိုက်မှာ ဒီနေ့အထိ သံဃာ  ၄၄ ပါး ကိုဗစ်ပိုး တွေ့ရှိထားပါတယ်။

ရတနာမာန်အောင်ကျောင်းတိုက်ကတော့ သံဃာ ၂၈ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တယ်လို့ ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့ သံဃာအပါး  ၄၀ ကျော်ကို ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးက တောင်စလင်းကျောင်းတိုက်ရှိ ကိုဗစ် ၁၉ ကုသရေးစင်တာကို ပို့ဆောင်ခဲ့ ကြပါတယ်။

ပြင်ဦးလွင်မြို့မှာ ဩဂုတ် ၂၁ ရက်က ကိုဗစ် ၁၉ ရောဂါပိုး သံသယရှိသူ  ၈ သေဆုံးခဲ့ပြီး ပိုးကူးစက်ခံရသူ ၅ ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားပါတယ်။

Photo- ပြင်ဦးလွင် နာရေးကူညီမှုအသင်း

10 mins Ago
Up