close

သံတောင်ကြီး-ဘောဂလိလမ်း

close

August 16, 2021

သံတောင်ကြီး-ဘောဂလိလမ်းတွင် KNU နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ-ဘောကလိလမ်း ကချင်ကွေ့အနီးမှာ ကေအန်ယူ၊ တပ်မဟာ ၂ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ  သြဂုတ် ၁၆ ရက် မနက်ပိုင်းက  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

​တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ တပ်တွေက အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေ ပိုမိုပြုလုပ်လာတဲ့အတွက်  နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

တောပြာကြီးရွာသား ဒေသခံတစ်ဦးက “ဒီမနက် ၉ နာရီလောက်မှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ အခြေအနေတော့ သေချာမသိရသေးဘူး။ မနေ့(သြဂုတ် ၁၅) ညက စကစ အင်အား ၃၀ လောက်က တောပြာကြီးရွာမှာ ညအိပ်သွားသေးတယ်။ ဒေသခံတွေ ထင်တဲ့အတိုင်း မနက်တိုက်ပွဲဖြစ်တာပဲ” လို့ ဆိုပါတယ်။ 

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၂၊  တောင်ငူခရိုင် ဉက္ကဋ္ဌ ဖဒိုစောအယ်ဝါးကတော့ “ကျနော်တို့ဘက်က  ကိုယ့်ကိုယ်ကိုယ် အဓိက ကာကွယ်တဲ့အပိုင်း လုပ်နေကျတယ်။ စစ်bက်ရေးရာမှာ အဓိကတာဝန်ရှိတဲ့သူက ပိုပြီးပြောနိုင်မယ်ထင်တယ်”လို့ ဆိုပါတယ်။

သြဂုတ် ၁၄ ရက် မနက်ပိုင်းက တောင်ငူ-ဘောကလိလမ်း ကချင်ကွေ့မှာ အင်အားဖြည့်ဖို့ လာရောက်တဲ့ စစ်တပ်ကားတန်းကို ကေအန်ယူက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး အသေအပျောက်ရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၅ ရက်မွန်းလွဲပိုင်းကလည်း  သံတောင်ကြီးလမ်း စနကုန်းအထက်မှာ  ကေအန်ယူ တပ်မဟာ ၂ တပ်ရင်း ၅ နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က အသေအပျောက်ရှိကြောင်းနဲ့ ဒဏ်ရာရတဲ့သူ ၂ ဦးကို ပြန်လည်ပို့ဆောင်တာမြင်တယ်လို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီဘက်က တပ်အင်အား ပိုမိုဖြည့်တင်း​ပြီး လှုပ်ရှားလာတာတွေကြောင့် တိုက်ပွဲ​တွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တပ်မဟာ၂ တပ်မှူး တစ်ဦးက ပြောပါတယ်။

7 mins Ago
Up