close

သံတွဲမြို့နယ်

close

November 4, 2021

သံတွဲမြို့နယ်၌ တက္ကသိုလ်ကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ နိုဝင်ဘာ  ၃ ရက် ညနေပိုင်းက တက္ကသိုလ်ကျောင်းသူ တယောက် အပါအဝင်  ဒေသခံအမျိုးသမီး ၃ ယောက်ကို PDF အဖွဲ့နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီကတပ်က ဖမ်းဆီးသွားပါတယ်။

တက္ကသိုလ်ကျောင်းသူ မသိမ့်အေးချမ်းနဲ့  မငြိမ်းအိဖြူကျော်နဲ့ မတင်စန္ဒာဝင်းတို့ကို  စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

"သတင်းအရဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာ။ PDFနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားတယ်လို့ ကြားတယ်”လို့ ဖမ်းဆီးခံ ရသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

သံတွဲမြို့နယ်မှာ PDF အဖွဲ့နဲ့ ဆက်သွယ်ကြောင်း သံသယနဲ့  ဖမ်းဆီးခံရသူ  ပြည်သူ ၅  ဦး အထိ ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

14 mins Ago

November 8, 2020

သံတွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေး ( ဓာတ်ပုံ) 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အမှတ် ၂ ရပ်ကွက်က မဲရုံတွေမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူတွေ ဒီနေ့မနက် အစောပိုင်းကတည်းက လာရောက် စီတန်းဆန္ဒမဲပေးခဲ့ကြပါတယ်။
12 months Ago
Up