close

သံပုံးတီးဆန္ဒပြ

close

January 29, 2023

မြန်မာ့နွေဦးတော်လှန်ရေးလူထုတိုက်ပွဲ ၂ နှစ်ပြည့်အကြို နယူးယောက်မြို့လယ်တွင် သံပုံးတီးဆန္ဒပြ (ဓာတ်ပုံ)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်က အထင်ကရ နေရာတခုဖြစ်တဲ့ Time Square ရင်ပြင်မှာ NYCBC အဖွဲ့ကဦးဆောင်ကာ မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ ၂ နှစ်ပြည့် အကြို သံပုံးတီး ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီ ဆန္ဒဖော်ထုတ်ပွဲကို နယူးယောက်စံတော်ချိန် ဇန်နဝါရီ ၂၈ ရက်မနက်က ကျင်းပရာမှာ နယူးယောက်နဲ့ အနီးတဝိုက်က မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်ကြွေးကာ အကြမ်းဖက်စစ်အာဏာရှင်တွေ ၂၀၂၃ မှာနိဂုံးချုပ်စေဖို့နဲ့ မြန်မာပြည်ကရဲရင့်တဲ့ ပြည်သူတွေနဲ့အတူ နယူးယောက်သားတွေက အမြဲရှိတယ်ဆိုတာ သိရှိစေဖို့အတွက် ဒန်အိုး၊ ဒန်ပြားလေးတွေ သယ်လာပြီး သံပုံးတီးဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ 

NB NYCBC Strike

5 mins Ago

May 3, 2021

ခင်ဦးမြို့တွင် ကျောင်းတက်သည့် ဆရာ ဆရာမများကို သံပုံတီးဆန္ဒပြ

ခင်ဦးမြို့ ကျေးရွာတွေမှာ ဒီကနေ့ ကျောင်းတက်တဲ့ ဆရာ ဆရာမတွေကို သံပုံတီးဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကျောင်းတက်တဲ့ ဆရာဆရာမတွေကိုလည်း မှတ်သားထားပြီး အမည်ပျက်စာရင်းထုတ်ပြန်ထားကြပါတယ်။

CDM ဝန်ထမ်းတွေအပေါ် ဖိအားပေတား ၊သတင်းမှားများဖြန့်တာ၊ CDM မလုပ်ဖို့ မြှူဆွယ်တာ၊ လစာနဲ့ ခြိမ်းခြောက်တာတွေကြောင့် ဆရာ ဆရာမတွေကို မယုံကြည်ရတဲ့၊ ဆရာစိတ်မရှိတဲ့ အကျင့်ပျက်တဲ့ ပညာရေးဝန်ထမ်းတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

2 years Ago
Up