close

သံပျင်စွာဘုရား

close

August 31, 2021

ပုဂံရှေးဟောင်းဒေသရှိ သံပျင်စွာဘုရားတောင်ဘက် နံရံ ပြိုကျ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းဒေသရှိ ဖွားစောကျေးရွာအုပ်စု၊ အနောက်ဖွားစောကျေးရွာရဲ့ အနောက်ဘက် ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား တောင်ဘက်နံရံဟာ သြဂုတ် ၃၁ ရက် မနက် ၉ နာရီ ၁၅ မိနစ်က ပြိုကျခဲ့တယ်လို့ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် နံရံပြိုကျခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပြောဆိုပါတယ်။ 

သံပျင်စွာဘုရား တည်ခဲ့တာ နှစ်ပေါင်း ၈၀၀ ကျော်ရှိပြီး ဖြစ်ပြီး ဘုရားရဲ့ တောင်ဘက်နံရံမှာ အမြင့် ၁၄ ပေ၊ အလျား  ၁၇ ပေ၊ ထု  ၃ ပေ ပြိုကျပျက်စီးခဲ့တာပါ။ 

နံရံပြိုကျဆုံးရှုံးမှုရာခိုင်နှုန်းအနေဖြင့် ၃  ရာခိုင်နှုန်းလောက်ဖြစ်ပြီး  တန်ဖိုး ကျပ်  ၂၇၅၀၀၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ 

သံပျင်စွာဘုရား နံရံပြိုကျရာတဲ့ နေရာသို့ ရှေးဟောင်းသုတေသနဦးစီးဌာန အဖွဲ့တွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေ လိုအပ်တာတွေ ဆောင်ရွက်နေကြပါတယ်။

3 mins Ago
Up