close

သံဖြူဇရပ်မြို့နယ်

close

December 9, 2021

သံဖြူဇရပ်မြို့နယ်၌ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းများ ပြန်လည်တူးဖော်နေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာ၊  မိန်ဗလာတောင်ရှိ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတွေကို စစ်ကောင်စီ လုပ်ပိုင်ခွင့်ပေးထားတဲ့ ပြည်တွင်းကုမ္ပဏီတခုက  ပြန်လည် တူးဖော်နေပါတယ်။

စစ်ကောင်စီဟာ မိန်ဗလာတောင်က ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတွေကို တူးဖော်ဖို့အတွက် ဥတ္တရမြေကုမ္ပဏီကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက လုပ်ကိုင်ခွင့်ပေးအပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ မိန်ဗလာတောင်က ရော်ဘာခြံ တစ်ဧကကို ဝယ်ယူပြီး ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတွေကို တူးဖော်နေတာပါ။ 

ဒါပေမဲ့ တူးဖော်မှု စီမံကိန်းဟာ အတွင်းအနက် ၆၂ ပေ ရောက်တဲ့ထိ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရသေးဘူးလို့ သံဖြူဇရပ် အုပ်ရေးချုပ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်း တူးဖော်မှု စီမံကိန်းကို စက်ယန္တရားကြီးတွေ အသုံးပြုပြီး နေ့ညမပျက် တူးဖော်မှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကြောင့် ဒေသခံတွေက ဥယျာဉ်ခြံတွေအပေါ် တောင်မြေပြိုကျမှာနဲ့ ပတ်ဝန်းကျင် ထိခိုက်ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကို အန်အယ်လ်ဒီ အစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလတုန်းက Royal Eagle Myanmar ကုမ္ပဏီက တူးဖော်ခွင့်ပေးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့လို့ လုပ်ငန်း ပြန်လည် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ တူးဖော်မှု စီမံကိန်းပြီးနောက် မြေချိုင့်ဝှမ်းတွေ ဖြစ်ပေါ်ပြီး ဖုံးခဲ့တာ မရှိလို့ အဲရေကန်တွေထဲမှာ ကလေးငယ် ၃ ယောက်နဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက်အပါအဝင် စုစုပေါင်း ၄ ဦး ရေနစ်သေဆုံးခဲ့ ပါတယ်။ 

6 hours Ago

November 23, 2021

ကျိုက်နဲဘုရားဖူးဖြစ်စဉ်တွင် ရေနစ်သေဆုံးသူ ၅ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၀ ထိ ရှိလာ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက DVB ကို ပြောပါတယ်။

ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူ ၅ ဦးမှာတော့ နာမည်စာရင်း လာမပေးထားတဲ့ အမျိုးသမီးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြန်လည် ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၅ လောင်းမှာတော့ ပဲခူးတိုင်းက အမျိုးသမီးငယ် ၃ ဦး၊ ကရင်ပြည်နယ် မြိုင်ကလေးက အမျိုးသမီးငယ် ၁ ဦး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသား ၁ ဦး ပါဝင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီး ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကမ်းခြေကနေ ၁ မိုင်နဲ့ ၆ ဖာလုံခန့် ကွာဝေးတဲ့ ဘုရားသို့သွားရာ ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ရေနစ်သေဆုံးသူ ၂၀ ဦး ထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

2 weeks Ago
Up