မွန်ပြည်နယ် သံဖြူဇရပ်-ရေး-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၁ စီးကို နိုဝင်ဘာ ၃ ရက်နေ့ မနက်က မိုင်းဆွဲ ဖောက်ခွဲခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။
သံဖြူဇရပ်ကနေ ရေးမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကား ၁ စီး စွပ်ပလောင်နဲ့ ဝဲခမိရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ။
အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုရဲ့ အခြေနေကို ရေး PDF က အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
ရေး PDF က အခုအချိန်မှာ စစ်တပ် ရဲစခန်း၊ ရဲကင်း၊ စစ်ဆေးရေးဂိတ်၊ စစ်ကောင်စီနဲ့ ဆက်နွှယ်သူတွေရှိတဲ့ အနားမှာ မနေကြဖို့ မလိုအပ်ဘဲ ခရီးတွေ မထွက်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။