close

သံလွင်သွေးချင်း သတင်းဌာန

close

July 21, 2021

သံလွင်သွေးချင်းသတင်းဌာနမှ သတင်းသမား ၃ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် သံလွင်သွေးချင်းသတင်းဌာနမှ သတင်းသမား ၃ ဦးကို ဇူလိုင် ၂၀ ရက်  ည ၆ နာရီ​ကျော်လောက်မှာ စစ်ကောင်စီတပ်က  ဖမ်းဆီးသွားပါတယ်။

သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနဲ့ သတင်းထောက်တွေ ဖြစ်တဲ့ သမီးနန်းခင်ဘုန်းသွယ်နဲ့ မဆုမြတ်နိုးတို့ကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်မှာ ဖမ်းဆီးသွားတာပါ။

"မမြဝန်းရံကို အမှုဖွင့်ထားတာလို့ကြားတယ်။ သူ့သမီးက အမှုဖွင့်တဲ့အထဲ မပါဘူးပေါ့။ အရင်ကရှောင်နေပြီးတော့ ပြန်လာတာလား မသိဘူး။ မနေ့က ဖမ်းသွားတာ" လို့ တောင်ကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ သတင်းသမား  ၃ ဦးကို လက်ရှိ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား စုစုပေါင်း ၈ ဦး ရှိလာပြီး ဖမ်းဆီးခံရသူတွေကတော့ ကမ္ဘောဇတိုင်းသတင်းဌာနက ၄ ဦး၊ တာချီလိတ်နယူး အေဂျင်စီက တစ်ဦးနဲ့ အခု သံလွင်သွေးချင်းက  ၃ ဦးဖြစ်ပါတယ်။

1 min Ago
Up