close

သံသယလူနာ

close

August 14, 2021

မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ အယောက် ၂၀ ထပ်မံသေဆုံး

မန္တလေးမြို့မှာ ဩဂုတ် ၁၃ ရက်က သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်အတည်ပြုလူနာနဲ့သံသယလူနာ အယောက် ၂၀ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။ 

မန္တလေးဆေးရုံကြီးရင်ခွဲရုံက ကိုဗစ်လူနာ ၁၀ ဦး၊ မင်္ဂလာဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ မြို့တော်ဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ ချမ်းမြသာစည်ကိုဗစ်စင်တာက ၁ ဦး၊ အရပ်ထဲက ကိုဗစ်လူနာ ၁ ဦးနဲ့ သံသယလူနာ ၆ ဦး သေဆုံးခဲ့တာဖြစ်ပြီး မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန် နဲ့ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံ ပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပြီး သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ 

မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင်လက တစ်ရက်ကို ကိုဗစ်လူနာ ၈ဝ ကျော်အထိ သေဆုံးခဲ့ပြီး သြဂုတ်ပထမအပတ်က တရက်ကို ၄၀ လောက်သာ ရှိခဲ့တာကြောင့် သေဆုံးမှု လျော့နည်းလာခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။

Photo - ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေး၊ ပရဟိတဓာရီလူမှုနာမှုကူညီရေးအသင်း

2 days Ago

August 13, 2021

မန္တလေးတွင် သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ ၁၆ ဦး သေဆုံး

မန္တလေးမြို့မှာ သြဂုတ် ၁၂ ရက်က သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့  သံသယလူနာ ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ကိုဗစ်လူနာ ၁၁ ဦး၊ မြို့တော်ဆေးရုံမှ ကိုဗစ်လူနာ ၂ ဦး၊ မန်းတောင်ရိပ်ခို ကိုဗစ်စင်တာမှာ သံဃာတော်တစ်ပါး၊ ချမ်းမြသာစည်ကိုဗစ်စင်တာမှ ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်သံသယလူနာ ၁ ဦး သေဆုံးခဲ့ရာ မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုဿန်နဲ့ တောင်အင်းမြောက်အင်းသုသာန်သို့  ပို့ဆောင်သင်္ဂြိုဟ်ခဲ့ရပါတယ်။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

ဇူလိုင်လက တစ်ရက်လျှင် ကိုဗစ်လူနာ အယောက်  ၈၀ ကျော် သေဆုံးခဲ့ ပေမယ် သြဂုတ်ပထမအပတ်က နေ့စဉ် ကိုဗစ်လူနာ  အယောက် ၄၀ သာ ရှိခဲ့တယ်လို့  မြို့ခံပရဟိတအသင်းမှ သိရပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်၊ မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo - ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေး / မြတ်သဒ္ဓါလူမှုနာမှုကူညီရေးအသင်း

3 days Ago
Up