စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့မှာ ဇွန်လ ၂၀ ရက်နေ့က ကိုဗစ်-၁၉ သံသယလူနာ ၇ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။
“ဒီနေ့ ကလေးဝမြို့ပြည်သူ့ဆေးရုံမှာ အနံ့မရလို့ လာရောက်ပြသတယ်။ ကလေးဝမြို့ အမှတ်(၁)ရပ်ကွက်က ၁၀ ဦးလာစစ်ဆေးတယ်။ သူတို့ RDT Test kits နဲ့ စစ်ဆေးတယ် အဲဒီထဲက ၇ ဦးကိုဗစ်ပိုး တွေ့တယ်” လို့ ကလေးဝမှာ ကိုဗစ်ရောဂါအရေးကူညီပေးနေတဲ့ လူမှုဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
ကလေးဝမြို့မှာ ဒီနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇ ယောက်ရှိပြီး ၁ ယောက် သေဆုံးထားပါတယ်။