ကမ္ဘာ့အဆင့် ၁ သြစတြေးလျ တင်းနစ်မယ် အက်ရှ်လီဘာတီဟာ တင်းနစ်လောက ကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။
အသက် ၂၅ နှစ်သာရှိသေးသူ ဘာတီက တခြားအိပ်မက်တွေနောက်ကို လိုက်ဖို့အတွက် တင်းနစ်အားကစားလောကကို စွန့်ခွာခဲ့တာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဘာတီဟာ ကစားသမားဘဝမှာ သြစတြေးလျအိုးပင်း ၂၀၂၂၊ ပြင်သစ်အိုးပင်း ၂၀၁၉၊ ဝင်ဘယ်လ်ဒန် ၂၀၂၁ စတဲ့ အဓိကဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။