ပြင်သစ်နဲ့ အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေအနေနဲ့ အကြမ်းဖက်စစ် အုပ်စုဆီ ငွေကြေးလွှဲပြောင်းမှုတွေ ဆက်မလုပ်ကြဖို့ ဖိအားပေးတောင်းဆိုရေးမှာ ပြည်သူတွေအနေနဲ့ လက်မှတ်ရေးထိုးပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ အကြမ်းဖက်စစ်ကောင်စီဟာ နှစ်စဉ်အမေရိ ကန်ဒေါ်လာ သန်းထောင်ချီရရှိနေပြီး အဓိကဝင်ငွေရလမ်းတခုဖြစ်နေတာမို့ ဒါကို ပိတ်ဆို့ အရေးယူနိုင်ဖို့ ဖိအားပေးသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဖြစ်တဲ့ TotalEnergies နဲ့ Chevron တို့နဲ့အတူ အ မေရိကန်သမ္မတက တားဆီးပေးရေးအတွက်ပါ တောင်းဆိုမှုမှာတော့ မင်းအောင်လှိုင်နဲ့ သူရဲ့ အကြမ်းဖက်စစ်အုပ်စုထံကို ငွေကြေးလွှဲပြောင်းမှုဆက်မလုပ်ဖို့နဲ့ ဒီငွေတွေနဲ့ စစ်အုပ်စုကို လူသတ်လက်နက်တွေတပ်ဆင်ပေးနေတာတွေရပ်တန့်ဖို့ ပြည်သူလူထုအားလုံး တောင်းဆိုဖိအားပေးကြဖို့အတွက် လက်မှတ်ထိုးကြဖို့ အားလုံးကို ဖိတ်ခေါ်ထားတာ ဖြစ် ပါတယ်။
လက်မှတ်ရေးထိုးပါဝင်နိုင်မယ့် လင့်ခ် ၃ ခုကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ် TotalEnergies ကုမ္ပဏီရဲ့ ငွေတွေနဲ့ စစ်အုပ်စုကို လူသတ်လက်နက်တွေ တပ် ဆင်ပေးနေတာတွေရပ်တန့်ဖို့ ပြည်သူလူထုအားလုံးတောင်းဆိုဖိအားပေးကြဖို့အတွက် ဒီ Petition မှာ လက်မှတ်ထိုးကြဖို့အားလုံးကို ဖိတ်ခေါ်ပါတယ်။
အမေရိကန် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chevron ကိုစစ်အုပ်စုထံ ပိုက်ဆံဆက်မပေးဖို့ ဖိအားပေးတောင်းဆိုရန် လက်မှတ်ထိုးပါ။
မြန်မာစစ်အုပ်စုထံသို့ ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီများ ငွေကြေးလွှဲပြောင်းမှု အမေရိကန် သမ္မတက တားဆီးပေးရေး တောင်းဆိုရန် လက်မှတ်ထိုးပါ။
အကြမ်းဖက်စစ်ကောင်စီထံကို စီးဆင်းနေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကို မနက်ဖြန် စက်တင်ဘာ ၂၅ ရက်နေ့က စတင်ကာ ၄ ရက်ကြာ ပြုလုပ်ကြမှာဖြစ်လို့ ပြည်သူအားလုံးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲလှုပ်ရှားမှုအနေနဲ့ ပြုလုပ်သွားမယ့် ဒီကမ်ပိန်းမှာတော့ လူမှုကွန် ရက်အင်တာနက်စာမျက်နှာတွေ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်မှာတွေပေါ် ကတဆင့် Blood Money - သွေးစွန်းငွေရဲ့ တောင်းဆိုချက် စာသားတွေတင်တာ၊ ဒါမှမဟုတ် ပြည်သူတွေရဲ့ တောင်းဆိုမှုစာသားတွေတင်တာ၊ တောင်းဆိုမှု စာသားတွေနဲ့အတူ လက် ၃ ချောင်းသင်္ကေတနဲ့ ဓာတ်ပုံတင်တာ၊ အင်္ကျီအနီ/ သွေးစွန်းနေတဲ့အင်္ကျီ(အင်္ကျီ အ ဖြူမှာ အနီရောင်ဆေးသုတ်တာ)၊လက်အိတ်အနီ/လတ်ပတ်စည်းအနီရောင်/ရေဆေး အနီ ရောင်အမှုန့်နဲ့ လက်မှာ လိမ်းတာမျိုးတွေစတဲ့ မိမိအဆင်ပြေမယ့် နည်းလမ်းတွေသုံးပြီး ဓာတ်ပုံရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Blood Money Campaign ခေါင်းစဉ်နဲ့အညီ သရုပ်ပြပုံဖော်မှုတွေ၊ ပန်းချီ၊ ကာတွန်းစတဲ့ ဖန်တီးပုံဖော်မှုနည်းလမ်းတွေနဲ့လည်း အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ကမ်ပိန်းအချက်အလက်
အသုံးပြုနိုင်တဲ့ တောင်းဆိုမှုစာသားများ
အရင်ဆုံးရေနံကုမ္ပဏီများ၏ page ကို mention လုပ်ပါ။
@TotalEnergiesMyanmar @Chevron (Facebook)
@TotalEnergies @Chevron (Twitter)
Total, Chevron Corporations are responsible for all war crimes in Myanmar
Total, Chevron သည် မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများ အားလုံးအတွက် တာဝန်ရှိသည်။
Total, Chevron - Stop accessory to murder
Total, Chevron - စစ်ရာဇဝတ်မှုနဲ့ စစ်တပ်လူသတ်မှုတွေ အလိုတူအလိုပါ ပါဝင်နေတာ ချက်ချင်းရပ်။
Total, Chevron - Freeze all payments to MOGE until the civilian government.
Total, Chevron - MOGE ထံပေးချေရမယ့်ငွေတွေကို ပြည်သူ့အစိုးရမတက်မချင်း ဆိုင်းငံ့ထား။
အသုံးပြုနိုင်တဲ့ #hashtag များ
#BloodMoneyMyanmar
#FreezePaymentsToJunta
#Total_StopSponsoringSAC
#Chevron_StopSponsoringSAC
#SanctionMOGE
#StopFundingCrimesAgainstHumanity
#ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့