စပါးအသင်းအတွက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို ဟတ်ထရစ်သုံးဂိုးသွင်းပြီး အဆုံးသတ်နိုင်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း ဆွန်ဟောင်မင်ကပြောပါတယ်။
မနှစ်က ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ဆွန်ဟာ ၈ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့လို့ လက်စတာနဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမယ့် လူစားဝင်ကစားခဲ့ပြီး ဟတ်ထရစ်သုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
အသင်းရဲ့ရလဒ်ကောင်းမွန်ခဲ့ပေမယ့် တစ်ဦးချင်းခြေစွမ်းကောင်းမွန်ခြင်းမရှိခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့တာမှန်ကန်ကြောင်း၊ အဲဒီလိုစိတ်ပျက်မှုတွေကို သုံးဂိုးသွင်းပြီးချေဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း လက်စတာနဲ့ပွဲအပြီးမှာ ဆွန်ဟောင်မင်ကပြောပါတယ်။
ဆွန်ဟောင်မင်ဟာ ဟတ်ထရစ်သုံးဂိုးကို ၁၄ မိနစ်အတွင်းသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပထမသွင်းဂိုး အပြီးမှာ အရန်ခုံထိုင်ခဲ့ရတာကို ကျေနပ်မှုမရှိတဲ့ဟန်နဲ့ အောင်ပွဲခံခြင်းမရှိခဲ့ပါဘူး။
စပါးပရိသတ်တွေကတော့ အရန်ခုံထိုင်ခဲ့ရပြီးနောက်မှာ ပွဲထွက်ခွင့်ထိုက်တန်ကြောင်း သွင်းဂိုးတွေနဲ့ သက်သေ ပြခဲ့တာဖြစ်ကြောင်း ဆွန်ဟောင်မင်ကိုချီးကျူးခဲ့ကြပါတယ်။