မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ပရီးမီးယားလိဂ် ၁၉ ပွဲကစားရုံနဲ့ ဟတ်ထရစ် ၄ ကြိမ်ရရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဟာလန်းဟာ မနေ့က ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၃ ဂိုးစလုံးသွင်းယူခဲ့ပြီး ၄ ကြိမ်မြောက် ဟတ်ထရစ်သုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဉ် ၆၅ ပွဲ ကစားပြီးမှပဲ ဟတ်ထရစ် ၄ ကြိမ်ရရှိခဲ့ဖူးပြီး အဲဒီကစားသမားက မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းပါ။
အဲဒီနောက်မှာ လူးဝစ်ဆွာရက်ဇ်က ၈၁ ပွဲ ကစားပြီး ဟတ်ထရစ် ၄ ကြိမ်၊ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအလန်ရှီးယားက ၈၆ ပွဲကစားပြီး ဟတ်ထရစ် ၄ ကြိမ်ရခဲ့တာပါ။
ဟာလန်းဟာ ပရီးမီးယား လိဂ်ပွဲစဉ် ၁၉ ပွဲအပြီးမှာ သွင်းဂိုး ၂၅ ဂိုးသွင်းထားပြီး ပရီးမီးယားလိဂ်အသင်း ၉ သင်းက သွင်းယူထားတဲ့ စုစုပေါင်းသွင်းဂိုးအရေအတွက်ထက်လည်း များနေတာပါ။
ပရီးမီးယားလိဂ်မှာ ဟတ်ထရစ်သွင်းဂိုးအများဆုံးကစားသမားက အဂွဲရိုးဖြစ်ပြီး ၁၂ ကြိမ် ဟတ်ထရစ်ရထားတာပါ။
လက်ရှိ ကစားသမားတွေထဲမှာတော့ ဟယ်ရီကိန်းက ဟတ်ထရစ် ၈ ကြိမ်နဲ့ ပရီးမီးယားလိဂ်မှာ အများဆုံး ဟတ်ထရစ်အရေအတွက်ဖြစ်ပါတယ်။