close

ဟယ်စလေ

close

October 25, 2022

အာဆင်နယ် ပင်နယ်တီရသင့်ဟု ဒိုင်လူကြီးဟောင်း ဟယ်စလေ သုံးသပ်

ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်း ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ်ဟယ်စလေက ပြောပါတယ်။ 

အာဆင်နယ်ဟာ ဆောက်သမ်တန်နဲ့ တစ်ဂိုးစီသရေ ကျခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျေဇူးကို ဆောက်သမ်တန်နောက်ခံလူ ကယ်လီတာကားက ဆွဲလှဲခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီမ ပေးခဲ့ပါဘူး။ 

အဲဒီပွဲဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်း သေချောပေါက် ပင်နယ်တီရသင့်ကြောင်း ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ်ဟယ်စ်လေက ထောက်ပြခဲ့တာပါ။ 

အာဆင်နယ်အသင်းကို ပင်နယ်တီမပေးခဲ့တာဟာ ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ ရှေ့နောက်မညီသော ဆုံးဖြတ်ချက်ဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ အလားတူဖြစ် ရပ်မျိုးနဲ့ မန်ယူနဲ့ပွဲမှာ ပင်နယ်တီ ရရှိခဲ့ကြောင်း ဒိုင်လူကြီးဟောင်း ဟယ်စ်လေက  ပြောပါတယ်။ 

ကွင်းလယ်ဒိုင် ရော့ဘတ်ဂျုံးအနေနဲ့ ဖြစ်ရပ်ကို မမြင်တွေ့ဘူးဆိုရင်တောင် VAR ဒိုင်လူ ကြီး ပီတာဘမ့်စ်နဲ့ ဆွေးနွေးခဲ့သင့်ကြောင်း ဟယ်စ်လေကထောက်ပြခဲ့ပါတယ်။ 

6 mins Ago
Up