close

ဟယ်ရီပေါ်တာ

close

October 24, 2022

နယူးယောက်တွင် ဟယ်ရီပေါ်တာ သစ်တော စတင်ဖွင့်လှစ်

ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရဲ့  Hogwarts စွယ်စုံကျမ်း အပိုင်း "a" ဟာ အမေရိကန်နိုင်ငံ နယူယောက်မြို့ရဲ့ မြောက်ဘက် မိုင် ၄၀ အကွာမှာ အပြန်အလှန် အကျိုးပြုတဲ့ ပြပွဲတစ်ခုအဖြစ် အသက်ဝင်လာပြီဖြစ်ပါတယ်။

ဟယ်ရီပေါ်တာရဲ့ တားမြစ်ထားတဲ့ တောတွင်းအတွေ့အကြုံ နာမည်နဲ့ ပန်းခြံကို ဝက်စ်ချက်စတာ မြို့နယ် ယော့ခ်တောင်းကုန်းမြင့်က FDR ပြည်နယ်ဥယျာဉ်ထဲမှာ အများပြည်သူအတွက် အောက်တိုဘာ ၂၂ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

"ခင်ဗျား တွေ့မြင်ရမယ့် သတ္တဝါအားလုံးကို ခင်ဗျားရလိမ့်မည်"လို့ အမှုဆောင်ထုတ်လုပ်သူနဲ့ ဖန်တီးမှုဒါရိုက်တာ ဟိသာမက်ဂီးလ်က ပြောပါတယ်။

ဟယ်ရီပေါ်တာ ရုပ်ရှင်အားလုံးမှာ တားမြစ်ထားတဲ့ တောအုပ် ပါနေတာပါ။ ဒါကြောင့်  ဘီလူး၊ မှင်စာနဲ့ အစွယ်ပါတဲ့ သတ္တဝါ အပါအဝင် အရာအားလုံးကို မြင်တွေ့နိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

မီးရောင်တောက်နေတဲ့ လမ်းတစ်ဝိုက်မှာ ဧည့်သည်တွေကို တောက်ပတဲ့ သစ်တောကနေတဆင့် ခေါ်ဆောင်လာပြီးမှ သတ္တဝါတွေနဲ့ ပေးတွေ့မှာပါ။

ဒါ့အပြင် လူခေါင်းနဲ့ မြင်းကိုယ်ပါတဲ့ သတ္တဝါရဲ့ အပြန်အလှန်တုံ့ပြန်မှုပြကွက်တွေလည်း ပါပါတယ်။

ပန်းခြံကို ဝါနာဘရားသားစ် ဖျော်ဖြေရေးလုပ်ငန်းက သင့်ခ်ဝဲလ်နဲ့ ယူနီဖိုင်း ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းတွေနဲ့အတူ စီစဉ်ခဲ့တာပါ။

လက်မှတ်ခတွေကတော့ ကလေးတွေအတွက် ၅၅ ဒေါ်လာ ဖြစ်ပြီး လူကြီးတွေအတွက် ၆၆  ဒေါ်လာ သတ်မှတ်ထားပါတယ်။

ဟယ်ရီပေါ်တာသစ်တောကို  ၂၀၂၃  ခုနှစ် ဇန်နဝါရီလ ၂၂ ရက်အထိ အများပြည်သူအတွက် ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ကြေညာထားပါတယ်။

8 mins Ago

April 2, 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ကာလ ကလေးများအတွက် အခမဲ့ဟယ်ရီပေါ်တာ အွန်လိုင်းစာအုပ်စင်

ဟယ်ရီပေါ်တာစာအုပ်စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ စာရေးဆရာမ J.K. Rowlings က ကိုရိုနာဗိုင်းရပ်စ်ကပ်ကာလမှာ အိမ်တွင်းနေထိုင်ရတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး  'Harry Potter at Home' အမည်နဲ့ အွန်လိုင်းစာအုပ်စင်ကို ဖန်တီးပေးလိုက်ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စာရေးဆရာမက ဒီအကြောင်းကို သူ့ရဲ့တွစ် တာအင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားဖော်ပြထားခဲ့တာပါ။  “အိမ်ထဲမှာ နေထိုင်ပြီး ကလေးတွေနဲ့အတူ ပြုစုစောင့်ရှောက်နေကြရတဲ့ မိဘတွေ၊ ဆရာဆရာမတွေနဲ့ အထိန်းတွေအနေနဲ့ မှော်ပညာနည်းနည်းတော့ လိုအပ်နိုင်တယ်။ ဒါကြောင့် ကျမ ဒါကို ဖန်တီးပေးလိုက်တာပါ” http://harrypotterathome.com ဝက်ဘ်စာမျက်နှာပေါ်မှာတော့ ပထမဆုံးသော နာမည်ကျော် ဟယ်ရီပေါ်တာစာအုပ်ဖြစ်တဲ့ Harry Potter and the Sorcerer’s Stone အပါအဝင် စာအုပ်ပေါင်းများစွာကို အခမဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး တခြားသော မှော်ပညာဆိုင်ရာ စာအုပ်တွေ၊ Tutorial တွေ၊ ဉာဏ်စမ်း ပဟေဠိ ဂိမ်းတွေအပါအဝင် အသံဖိုင်တွေ၊ ဗွီဒီယိုဖိုင်ရင်းမြစ်တွေကို အင်္ဂလိပ်၊ စပိန်၊ ပြင် သစ်၊ အီတလီ၊ ဂျာမန်၊ ဂျပန်ဘာသာစကားတွေနဲ့ပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် ကျောင်း တွေ၊ အလုပ်တွေကို ပိတ်ထားခဲ့ကြရပြီး ကမ္ဘာတလွှား သန်းပေါင်းများစွာသော လူတွေဟာ နေအိမ်တွေထဲမှာ နေထိုင်ပြီး အွန်လိုင်းအသုံးပြုမှုတွေ ပိုမိုများလာနေခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up