close

ဟားခါး CDF

close

May 11, 2023

ဟားခါးရှိ CDF ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မေ ၁၁ ရက် မနက်က ခွာပီးကျေးရွာနဲ့ CDF-ဆဲန်ထန် ဌာနချုပ်တပ်စခန်းကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ CDF-ဆဲန်ထန်ကနေ သိရပါတယ်။

ဟားခါးမြို့နယ် ခွာပီးကျေးရွာနဲ့ CDF-ဆဲန်ထန် ဌာနချုပ်ကို ဒီနေ့ မေ ၁၁ ရက် မနက် ၁၂ နာရီကျော်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ CDF-ဆဲန်ထန်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အခုလက်ရှိအခြေနေမှာတော့ ဖုန်းလိုင်းတွေ ​အကုန်လုံး ဖြတ်တောက်ခံထားရလို့ ဆက်သွယ်ရေးပိုင်းတွေ တော်တော်လေး ခက်နေတဲ့အတွက် ပျက်စီးဆုံးရှုံးတဲ့ အခြေအနေတွေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြန်ကြားရေးတာဝန်ခံက “အခုသိရသလောက်ကတော့ လူတွေတော့ ထိခိုက်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ မေလ ၈ ရက်နေ့ လေကြောင်းတိုက်ခိုက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်လို့ ရွာမှာရော စခန်းမှာရော ဘယ်သူမှမရှိတဲ့အတွက် ထိခိုက်မှုမရှိနိုင်ဘူး။ အခု ကျနော်တို့အထင် စစ်ကောင်စီရဲ့ ဟားခါးဗျူဟာကနေ ဘာလိုချင်လည်း မသိဘူး။ ပြီးတော့ သူတို့မှာ ဘာအစီအစဥ်ရှိတယ်ဆိုတာ အတိအကျ မသိရတဲ့ အနေအထားမလို့ ဟားခါး-မတူပီလမ်းကို မပိတ်ထားဘူးဆိုရင် ပြည်သူတွေ ဒုက္ခရောက်မှာစိုးရိမ်လို့ မေလ ၁၁ ရက်နေ့ကစလို့ ယာယီပိတ်ထားတာဖြစ်ပြီး အခြေအနေအပေါ် မူတည်ပြီး ပြန်လည်အကြောင်းကြားပေးသွားမယ်” လို့ ပြောပါတယ်။

ဟားခါးမြို့နယ်မှာ မေ ၈ ရက် ညနေပိုင်းကလည်း စစ်ကောင်စီက CDF-ဆဲန်ထန်ရဲ့ ကောင်စီရုံးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDF-ဆဲန်ထန်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့ကာ CDF ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ဆဲန်ထန်ကနေ သိရပါတယ်။

26 seconds Ago

May 23, 2021

ဟားခါးတွင် ယန္တရားတစ်စီး မီးလောင်မှု သူတို့ လက်ချက်မဟုတ်ဟု CDF ဟားခါး ငြင်းချက်ထုတ်

ချင်းပြည်နယ် ဟားခါးမြို့ GTI ကျောင်းရှေ့က ယန္တရားတစ်စီး မီးလောင်သွားတာဟာ သူတို့ လက်ချက်မဟုတ်ဘူးလို့  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က ထုတ်ပြန်ပါတယ်။

ကျောင်းရှေ့မှာ ရပ်ထားတဲ့  JCB စက်ကြီးတစ်စီးဟာ မေ ၂၂ ရက်မနက်ပိုင်းက ဆိုင်ကယ်စီးလာသူ တစ်ယောက်ရဲ့ လက်ချက်နဲ့ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ CDF နဲ့ ပြည်သူအကြား အထင်အမြင်လွဲမှား‌စေဖို့ မြန်မာပြည်အနှံ့ ပျူစောထီးလူမိုက်အဖွဲ့တွေ ဖွဲ့စည်းပြီး အဖျက်အမှောင့်တွေ လုပ်ခိုင်းထားတာကို အားလုံးအသိ ဖြစ်တယ်လို့လည်း CDF ဟားခါးက ဆိုပါတယ်။

ဒါကြောင့် အခုလိုဖျက်ဆီးနေသူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိ‌ရောက်ရောက် အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2 years Ago
Up