close

ဟားမတ်စ်စစ်သွေးကြွ

close

February 7, 2023

အစ္စရေးစစ်တပ်က ဒုက္ခသည်စခန်းကို စီးနင်းပြီး ဟားမတ်စ်စစ်သွေးကြွ ၅ ဦးကို သတ်ဖြတ်

အစ္စရေးတပ်တွေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း ဂျဲရစ်ခိုမြို့နားက ဒုက္ခသည်စခန်းကို ဖေဖော်ဝါရီ ၆ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွ ငါးယောက်ကို သတ်ခဲ့တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုနဲ့ အစ္စရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဟားမတ်စ်တွေရဲ့ လက်နက်ကိုင်လက်ရုံး ကတ်ဆမ် တပ်မဟာတွေက သူတို့အဖွဲ့ဝင်တွေ အက်ဘတ် ဂျာဘီယာ ဒုက္ခသည်စခန်း စီးနင်းမှုထဲမှာ သေဆုံးခဲ့ရတဲ့အတွက် လက်စားချေမယ်လို့ ပြောပါတယ်။

အစ္စရေးကတော့ သူ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ သေနတ်သမားတွေကို ဖမ်းဖို့ ရည်ရွယ်ခဲ့တာလို့ ပြောပါတယ်။

အစ္စရေးရဲ့ ကျူးကျော်ဝင်ရောက်မှုကို ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

နောက်ထပ် အကြမ်းဖက်မှုတွေ တိုးလာမှာ စိုးရိမ်နေရတဲ့အထိ တင်းမာမှု မြင့်တက်နေချိန်မှာ စီးနင်းခဲ့တာဖြစ်လို့ နှစ်ဖက်စလုံး တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ဆော်ဩခဲ့ကြပါတယ်။

အီဂျစ်မြို့တော် ကိုင်ရိုမှာ အီဂျစ်အရာရှိတွေနဲ့ ဆွေးနွေးပွဲမတိုင်ခင် နောက်ထပ် တင်းမာမှု အရှိန်မြင့်လာတာကို ဟန့်တားဖို့ မျှော်လင့်နေကြပြီး ဒီစီးနင်းမှုဟာ ဆွေးနွေးပွဲတွေအပေါ် သက်ရောက်လိမ့်မယ်လို့ ဟားမတ်စ်ခေါင်းဆောင် အစ်မေးလ် ဟာနီယာက ပြောပါတယ်။

6 mins Ago
Up