close

ဟိုင်မွာလ်ကျေးရွာ

close

August 15, 2022

စစ်ကောင်စီတပ်က ဟိုင်မွာလ်ကျေးရွာ နေအိမ် ၈ လုံးအား မီးရှို့ပြီး ရွာသား ၂ ဦးကို ဖမ်းဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ကျေးရွာမှာ ဩဂုတ် ၁၄ ရက်ညနေ ၃ နာရီလောက် နေအိမ် ၈ လုံးကို မီးရှို့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးအား စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတဦးက‌ ပြောပါတယ်။

“စစ်တပ်က ရန်သူ့စခန်းကို ၀င်စီးသလို ရွာကို ဝင်စီးသွားတာ။ ဗုံးကွဲသံလည်း ကြားတယ်။ နောက်မကြာဘူး အိမ်တွေ မီးလောင်သွားတယ်။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဖမ်းခံရတယ်။ ဒဏ်ရာရထားတာ တယောက်ပါတယ်။ ရွာသားလား၊ တော်လှန်ရေး တပ်ဖွဲ့ကလားတော့ မသိဘူး။”

ဟိုင်မွာလ်ကျေးရွာဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ရိခေါ်ဒါရ်မြို့နဲ့ ၅ မိုင်သာ ဝေးပြီး ဩဂုတ် ၁၀ ရက်က တိုက်ခိုက်ခံရတဲ့ စစ်စခန်းနဲ့ မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်မှာရှိတဲ့ ရွာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့လို့ မီးလောင်တဲ့ နေအိမ် ၈ လုံးဟာ ညနေပိုင်း ၆ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့  သိရပါတယ်။

47 seconds Ago
Up