close

ဟိုဆေးမာတီ

close

January 29, 2022

ကျူးဘားအမျိုးသမီးသူရဲကောင်း ဟိုဆေးမာတီအတွက် အောက်မေ့ဂုဏ်ပြုချီတက်ပွဲပြုလုပ်

ကျူးဘားအမျိုးသားသူရဲကောင်း ဟိုဆေးမာတရဲ့ ၁၆၉ နှစ်မြောက် မွေးနေ့နဲ့ အောက်မေ့ဘွယ်အခမ်းအနားကို ကျူးဘားသမ္မတ မီဂဲလ်ဒီယာ ကာနဲလ်နဲ့ သမ္မတဟောင်း ရာဟူး ကက်စထရိုတို့ဦးဆောင်ပြီး ဇန်နဝါရီ ၂၇ ရက်က  ထောင်သောင်းချီတဲ့လူတွေက မီးတုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့ပါတယ်။ 

၁၈၅၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဟိုဆေးမာတီဟာ ၁၉ ရာစုမှာ စပိန်အင်ပါယာအောက်က ကျူးဘား နိုင်ငံ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သူပါ။

သူက ကဗျာဆရာ၊ ဒဿနပညာရှင်၊ တော်လှန်ရေးအတွေးအခေါ်နဲ့ နိုင်ငံရေးသီအိုရီတွေလည်း ရေးသားပြီး လမ်းပြခဲ့သူပါ။ 

ချီတက်ပွဲကို ဟာဗားနားတက္ကသိုလ်ရှေ့မှ စတင်စုဝေးပြီး ကျောင်းသားတွေပြောတဲ့ မိန့်ခွန်းကို မီးတုတ်တွေ ကျူးဘားအလံတွေ ကိုင်ဆောင်ထားတဲ့ လူထုတွေက နားထောင်ခဲ့ပါတယ်။

ဟိုဆေးမာတီ အကျဉ်းကျခဲ့တဲ့ အကျဉ်းထောင်၊ ယခု သူ့ရဲ့ပြတိုက်နေရာမှာ ချီတက်ပွဲ အဆုံး သတ်ခဲ့ပါတယ်။

3 mins Ago
Up