close

ဟိုတယ်ဇုန်

close

May 3, 2022

အလယ်သံကျော်ကမ်းခြေ၌ ဟိုတယ်ဇုန် တည်ဆောက်ရန် စစ်ကောင်စီ ပြင်ဆင်

ရခိုင်ပြည်နယ်​၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကမ်းခြေမှာ အာဏာသိမ်း စစ်ကောင်စီက ဟိုတယ်ဇုန် တည်ဆောက်ဖို့  ပြင်ဆင်ကြိုးပမ်းနေတယ်လို့  ဒေသခံ အုပ်ချုပ်ရေး အသိုင်းအဝန်းကနေ သိရပါတယ်။

စစ်ကောင်စီခန့်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ ဧပြီ ၂၉ ရက်က စစ်တွေခရိုင်၊ ရသေ့တောင်မြို့ နယ်နဲ့ မောင်တောခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လာရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ အလယ်သံကျော်ကမ်းခြေမှာ ဟိုတယ်ဇုန်ဆောက်ဖို့ ကွင်းဆင်းလေ့လာခဲ့ကြတာ လည်းဖြစ်ပါတယ်လို့  အလယ်သံကျော်ကျေးရွာတာဝန်ခံက ပြောပါတယ်။

"ဝန်ကြီးချုပ်ခရီးစဥ်မှာ အလယ်သံကျော်ကမ်းခြေမှာ ဟော်တည်ဇုန်တည် ဆောက်ရေးလုပ်ဖို့ ဖြစ်နိုင်မယ့်အနေအထားတွေ ကွင်းဆင်းကြည့်ရှုသွားတာတွေရှိတယ်။ ကျောက်ပန်းဒူနဲ့ အလယ်သံကျော်ကမ်းခြေပင်လယ်ပြင်အနေအထားနဲ့ ကမ်းခြေအနေအထားတွေကို ဒေသခံတွေကို မေးမြန်းသွားကြတယ်။”

အလယ်သံကျော် ဟော်တည်ဇုန်ဆောက်လုပ်မယ့် ဧရိယာကို  ၂ မိုင်လောက် သတ်မှတ်ထားပြီး ငပလီနဲ့ ချောင်းသာကမ်းခြေကို မမီပေမဲ့ ကမ်းသာယာကမ်းခြေအဆင့်လောက်သာလုပ်နိုင်မယ့် အခြေအနေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ထံ တင်ပြခဲ့တယ်လို့ မောင်တောခရိုင် စစ်ကောင်စီဝင် ဦးအောင်မြင့်သိန်းက ပြောပါတယ်။

အဆိုပါအလယ်သံကျော်ကျေးရွာအုပ်စုမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေ မဖြစ်ခင်က မွတ်ဆလင်အများစုနေထိုင်တဲ့ ကျေးရွာအုပ်စုဖြစ်ခဲ့ပြီး  ရွာသိမ်ရွာငယ် ၇ ရွာ၊ အိမ်ခြေ ၁၃၀၄ စု၊ အိမ်ထောင်စု ၁၂၁၀ စု ၊ လူဦးရေ ကျား ၅၁၉၆ ဦး၊  မ ၅၉၉၉ ဦး စုစုပေါင်း ၁၁၁၈၆ ဦး နေထိုင်ခဲ့ကြပြီး အဆောက်အအုံပေါင်း  ၄၆၆ ခုရှိကာ စိုက်ပျိုးဧက ၁၁၃၀ စားကျက်မြေ ၁၀၀ ရှိကြောင်း မှတ်တမ်းတွေ အရ သိရပါတယ်။

4 hours Ago

July 19, 2020

မန်းရွှေစက်တော် ဘုရားအနီး ဟိုတယ်ဇုန်တခု တည်ဆောက်မည်

မန်းရွှေစက်တော်ဘုရားအနီးမှာ သဘာဝအခြေခံ ခရီးသွား ဟိုတယ်ဇုန်တခုတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ ရေမြေတောတောင် သဘာဝကောင်းမွန်တဲ့ မန်းရွှေစက်တော်ဘုရား လှေတင်တံတား အကျော် ညာဘက်ဘေးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ဧက ၆၀ ကျယ်ဝန်းတဲ့ ဟိုတယ်ဇုန်တခုတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တိုင်းတာဝန်ခံ ဦးမြင့်စိန်က DVB ကိုပြောပါတယ်။ "အဲဒီနေရာမှာ ဟိုတယ်၊ မိုတယ်တွေ သာမက ဒေသထွက် ဝါးနဲ့ ဆောက်လုပ်တဲ့ အိမ်လေးတွေပါ ထည့်သွင်းဆောက်လုပ်မယ့်အပြင် ပန်းခြံ၊ ကားပါကင်တွေလည်း စနစ်တကျ လုပ်ဆောင်သွားမယ်။ လတ်တလောအခြေနေတွေမှာ ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ကွန်ဒိုမြေပုံရေးဆွဲနေပြီး တိုင်းအစိုးရရဲ့ အစီအစဉ်နဲ လုပ်ငန်းရှင်တွေဖိတ်ခေါ်ပြီး ညှိနှိုင်းတိုင်ပင်ကာ နောက်နှစ်ရွှေစက်တော်ဘုရားပွဲရာသီမှာ စတင်နိုင်လိမ့်မယ်။" မန်းရွှေစက်တော် ခြေတော်ရာ နှစ်ဆူကို ဖူးမြော်ပြီး သဘဝ တောတောင်ရေမြေ၊ ဆင်စခန်း၊ ရွှေသမင်၊ ကြယ်လိမ်တွေကို လေ့လာခွင့်ရမှာဖြစ်လို့ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် ဆွဲဆောင်မှုတခုဖြစ်မယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်း ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်၊ မိုတယ် အရေအတွက် ၅၀ ရှိပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း CBT နှစ်ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ မင်းထီး
2 years Ago
Up