close

ဟိုပင်ဒေသခံ

close

November 7, 2022

အမည်ပျက်စာရင်းသွင်းသည့်သတင်း ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်မျှဝေသူ ဟိုပင်ဒေသခံ ၁ ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံကို FATF က ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ် ပြန်လည်မျှဝေလို့ဆိုပြီး ကချင်ပြည်နယ်၊ ဟိုပင်မြို့က အမျိုးသမီးတယောက်ကို နိုဝင်ဘာ ၅ ရက် မနက် ၇ နာရီလောက်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အဖမ်းခံရတာ အသက် ၃၆ နှစ်အရွယ် ဒေါ်တင်မမစိုး၊ မြကျွန်းသာရပ်ကွက်မှာ နေထိုင်သူပါ။ ဟိုပင်ရဲစခန်းက ဒုရဲအုပ်နဲ့ ရဲတပ်သား ၆ ယောက်လောက်က အိမ်ထဲဝင်ဖမ်းသွားတာ” လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးကို မိုးညှင်းရဲစခန်းက လာရောက်ဖမ်းဆီးတာဖြစ်ပြီး ဟိုပင်ရဲစခန်းမှာ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးချုပ်‌နှောင်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF) က  အောက်တိုဘာ ၂၁ ရက်မှာ မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

3 mins Ago
Up