ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ဟိုပုံးကိုရင်လေးခေါ်(အရှင်ပေါရိသ)ဟာ ဒီကနေ့ စက်တင်ဘာလ ၁ ရက်၊ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပျံလွန်တော်မူသွား ပါတယ်။
ဆရာတော်ရဲ့ ဒါယကာ တစ်ဦးက "ဆရာတော် နေမကောင်းတာ။ သတိလစ်နေတာ သုံးရက်ရှိပြီ ဒီနေ့ ၁၁ နာရီ ကျော်မှာ ပျံလွန်တော်မူသွားပြီ” လို့ အတည်ပြု ပြောပါတယ်။
ဆရာတော် ပျံလွန်တော်မူတာ သိသိချင်း ချက်ချင်းလာခဲ့ပေမဲ့ လူတအားများနေတော့ ခုထိအထဲဝင်လို့မရသေးဘူးလို့ ကိုရင်လေးရဲ့ ဒါယကာအရင်း ဦးအေးထူးသနပ်ဖက်ပွဲရုံက ဦးအေးထူးကလည်း ပြောပါတယ်။
ဟိုပုံးမြို့နယ်မှာ ကျန်းမာရေးဌာနရဲ့ သြဂုတ် ၃၁ ရက် ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါရှိသူ စုစုပေါင်း ၅၇၆ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိတယ်လို့ သိရပါတယ်။