close

ဟုမ္မလင်းမြို့နယ်ဥပဒေရုံး

close

April 5, 2022

ဟုမ္မလင်းမြို့နယ်ဥပဒေရုံး ဗုံးကွဲ၊ လူ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ဥပဒေရုံးမှာ မတ်လ ၃ ရက်  ညနေ ၆ နာရီကျော်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

"နောင်ပကျစ်ရပ်ကွက်မှာရှိတဲ့ မြို့နယ်ဥပဒေရုံးမှာ ဗုံးပေါက်ကွဲသွားတာ၊ ရုံးထဲမှာ မပေါက်ဘဲ အပြင်ပေါက်ကွဲသွားတယ်။ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။ 

ဟုမ္မလင်းမြို့နယ်ဥပဒေရုံးဗုံးပေါက်ကွဲမှုကို ဘယ်သူ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

1 min Ago
Up