close

ဟူသီ

close

April 14, 2023

ဆော်ဒီနှင့် အိုမန်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့ ယီမင်နိုင်ငံ၌ ဟူသီအရာရှိများနှင့် တွေ့ဆုံဆွေးနွေး

ဆော်ဒီနှင့်အိုမန်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့ ယီမင်နိုင်ငံ၌ ဟူသီအရာရှိများနှင့် တွေ့ဆုံဆွေးနွေး

ဆော်ဒီအာရေဗျနဲ့ အိုမန်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေ ယီမင်နိုင်ငံမြို့တော်ဆာနာမှာ ဟူသီအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဟူသီအစိုးရပိုင်မီဒီယာက ကြေညာပါတယ်။

ကုလသမဂ္ဂငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ အပြိုင် လုပ်ဆောင်နေတဲ့ ဆော်ဒီနဲ့ ယီမင်အစိုးရတို့ကြား အိုမန်အစိုးရက ညှိနှိုင်းပေးတဲ့ ဆွေးနွေးမှုတွေ တိုးတက်မှုရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံကကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်တစ်ရပ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်ထူထောင်ဖို့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့က သဘောတူခဲ့ကြပြီးတဲ့နောက် ငြိမ်းချမ်းရေးအစပျိုးမှုတွေ အရှိန်အဟုန်ရ လာခဲ့ပါတယ်။

 “ဒါက လူတိုင်းလိုလားတောင့်တနေတဲ့ အခြေအနေပါပဲ”လို့ ယီမင်စီးပွားရေး လုပ်ငန်းရှင် ဖှူအက် အာနန်ကပြောပါတယ်။

ယီမင်ရဲ့ ကာလရှည်ကြာစစ်ပွဲမှာ ဆော်ဒီစစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့ အမြဲတမ်းအပစ်အခတ် ရပ်စဲရေး ကြိုးပမ်းနေတဲ့ ဆော်ဒီအစိုးရကို ရည်ညွှန်းပြောဆိုခဲ့တာပါ။ 

“ပြီးခဲ့တဲ့ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်အတွင်း ယီမင်မှာ တွေ့ကြုံခဲ့ရတာတွေက လုံလောက်ပါတယ်။ ယီမင်မှာ အများကြီးခံစားခဲ့ရပြီး ဒါက ကြာကြာခံမှာ မဟုတ်ဘူးလို့  မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ အမိမြေမှာ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး စိုးမိုးနိုင်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

“ဒီအရာတွေက နိုင်ငံတော်ရဲ့ ၂၀၃၀ ပြည့်နှစ်မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ပြီး အိမ်ရှေ့မင်းသား ပြောခဲ့တဲ့အတိုင်း အရှေ့အလယ်ပိုင်းရဲ့ အနာဂတ်ဖြစ်လာမှာပါ”လို့ ဆော်ဒီဘဏ္ဍာရေးနှင့်စီးပွားရေး အတိုင်ပင်ခံ မာဂျာအယ်လ်ဆိုဝေ့ဂျ်က ပြောပါတယ်။

"လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထူထောင်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်ဖြစ်လာပြီး ငြိမ်းချမ်းရေးဟာ တစ်ကမ္ဘာလုံးအတွက်နဲ့ အထူးသဖြင့် အရှေ့အလယ်ပိုင်းနဲ့ ဆော်ဒီအာရေဗျရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပါဝါအတွက် ကမ္ဘာလုံးဆိုင်ရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ယီမင်စစ်ပွဲကို အီရန်နဲ့ ဆော်ဒီ အာရေဗျတို့ရဲ့ ကြားခံတိုက်ပွဲများစွာထဲမှ တစ်ခုအဖြစ် ရှုမြင်ကြတာပါ။

အီရန်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေက ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရကို ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ ဖြုတ်ချခဲ့ပါတယ်။

အကျင့်ပျက်ခြစားတဲ့စနစ်နဲ့ ပြည်ပရန်လိုမှုတွေကို ဆန့်ကျင်ထကြွနေတယ်လို့ ပြောရင်း ယီမင်မြောက်ပိုင်းမှာ ဆော်ဒီကျောထောက် နောက်ခံပြု အစိုးရကို ဖယ်ရှား ခဲ့ပါတယ်။

အဲဒီနောက် ဟူသီတွေဟာ ဆော်ဒီဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့ကို ၂ဝ၁၅ ခုနှစ်ကတည်းက ဆန့်ကျင်တိုက်ခိုက်ခဲ့လို့ သန်းချီတဲ့ ယီမင်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် မှီခိုနေရတဲ့ ပဋိပက္ခတစ်ခုဖြစ်လာခဲ့ပါတယ်။

6 days Ago

April 20, 2022

ယီမင်နိုင်ငံတွင် သမ္မတဦးဆောင်သည့်ကောင်စီအသစ် ကျမ်းကျိန်

ယီမင်နိုင်ငံမှာ သမ္မတ ဦးဆောင်တဲ့ ကောင်စီအသစ်ကို နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ယာယီမြို့တော် အေဒင်က ပြည်ပြေး လွှတ်တော်အစည်းအဝေးအတွင်း ဧပြီ ၁၉ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီတွေကတဖက်၊ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တွေက ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရက တဖက်၊ စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံအတွင်း ဒီအခမ်းအနားကို နိုင်ငံခြားသံအမတ်ကြီးတွေ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ သံတမန်တွေလည်း တက်ရောက်ပါတယ်။

ဒီကောင်စီကို ၂၀၀၃ ခုနှစ်က နောက်ဆုံး ရွေးကောက်တင်မြှောက်ခဲ့တာပါ။ ခုလည်း ဒီကောင်စီကို ရာရှက်ဒ် အယ်လ် အလီမီက ဦးဆောင်ပြီး တခြားကောင်စီဝင်တွေနဲ့အတူ လွှတ်တော်အမတ်တွေရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုကြပါတယ်။

ရိယာ့ဒ်မြို့အခြေစိုက် သမ္မတ အဘ်ဒယ် ရာဘူ မန်ဆော် ဟာဒီက ကောင်စီကို အာဏာလွှဲခဲ့ပြီး သူ့ရဲ့လက်ထောက်ကိုတော့ ဧပြီလ အစောပိုင်းက ထုတ်ပယ်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ အစိုးရကတော့ ဟူသီအုပ်စု ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ကို အားဖြည့်ဖို့ ကြိုးစားနေပြီး ကုလသမဂ္ဂကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ ကြိုးစားနေပါတယ်။

12 months Ago
Up