ဟေတီနိုင်ငံမှာ ငလျင်ဘေးကြောင့် သေဆုံးသူဦးရေ ၁၄၁၉ ထိရှိသွားပြီလို့ အရာရှိတွေက ကြေညာအပြီး သြဂုတ် ၁၆ ရက်မှာ ငလျင်သင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်ကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။
ငလျင်ကြောင့် လူအယောက် ၆,၉၀၀ လောက်ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၃၇,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဟေတီအာဏာပိုင်တွေကပြောပါတယ်။
သြဂုတ် ၁၄ ရက်မှာ ဟေတီမှာ အင်အား ရစ်ချ်တာ စကေး ၇ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့လို့ ထောင်သောင်းချီတဲ့ အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့သလို ဒါဇင်ချီတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဟိုတယ်တွေ၊ အိမ်တွေ စာသင်ကျောင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာပါ။
အရင်လကမှ သမ္မတ လုပ်ကြံခံထားရတဲ့ ဟေတီဟာ အခုလည်း ငလျင်အပြီး ရက်ပိုင်းအတွင်း ဂရေ့စ်လို့ နာမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်းတလုံး ဝင်ရောက်တိုက်ခတ်မယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။
သြဂု ၁၇ ရက်က စပြီး ၃ ရက်ကြာ ဝမ်းနည်းခြင်းကာလ သတ်မှတ်မယ်လို့ ဝန်ကြီးချုပ် အီရီယယ် ဟင်နရီက မနေ့က တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။