close

ဟောင်ကောင်ဒေါ်လာ

close

June 20, 2022

ရာသီဥတုဖောက်ပြန်မှုလျော့ပါရေး ဟောင်ကောင်ဒေါ်လာ ၂၄၀ ဘီလီယံ သုံးမည်

သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး ရေရှည်တည်တံ့တဲ့ ဘဏ္ဍာရေး green finance ဟာ ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာအကြီးကြီးပဲလို့ ဟောင်ကောင် ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့ ဘဏ္ဍာရေးဝန်ကြီး ခရစ္စတိုဖှာဟွေချင်းယုက ဇွန် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရက လာမယ့် ၁၅ နှစ်ကနေ အနှစ် ၂၀  အတွင်း ရာသီဥတုဖောက်ပြန်မှု လျော့ပါးအောင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရာမှာ ဟောင်ကောင်ဒေါ်လာ ၂၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈  ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံသွားမယ်လို့  ပြီးခဲ့သည့် အောက်တိုဘာလ တုန်းက ကြေညာခဲ့ပါတယ်။

စတုတ္ထအကြိမ်မြောက် Master Insight Finance ထိပ်သီးညီလာခံနဲ့ ESG ဆုပေးပွဲ အခမ်းအနားမှာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဟာ ကဏ္ဍပေါင်းစုံမှာ သဘာဝပတ်ဝန်းကျင် အခြေပြု စီးပွားရေးအတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးမယ်လို့ ဟွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ ဟောင်ကောင်က ထုတ်ပေးတဲ့ အစိမ်းရောင်နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးစာချုပ်တွေဟာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃  ဘီလီယံရှိပြီး အာရှရဲ့  အလားတူ စာချုပ်ဈေးကွက်၏ သုံးပုံတစ်ပုံကို တွက်ချက်ထားတယ်လို့ Hui က မှတ်ချက်ပြု ပြောဆိုပါတယ်။

Green finance ဟာ ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကြီး ဖြစ်တယ်ဆိုတာ အလေးပေး ပြောဆိုခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ SAR အစိုးရဟာ ဟောင်ကောင်ရဲ့ ထူးခြားတဲ့ အားသာချက်တွေကို သုံးဖို့ Green finance  ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေကို အရယူဖို့နဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှု (ESG) အကျိုးကျေးဇူးတွေရဖို့ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအားလုံးက လူတွေကို ဟောင်ကောင် အစိုးရက ကြိုဆိုတယ်လို့ ဟွေက ပြောခဲ့ပါတယ်။

1 min Ago
Up