close

အကသမား ၂ ဦး ဒဏ်ရာရ

close

July 31, 2022

ဟောင်ကောင်ဂီတဖျော်ဖြေပွဲတွင် မတော်တဆဖြစ်ပြီး အကသမား ၂ ဦး ဒဏ်ရာရ

ဟောင်ကောင်ယောက်ျားလေးဂီတအဖွဲ့ Mirror ရဲ့ ဖျော်ဖြေပွဲတရပ်မှာ စင်မြင့်ပေါ်ကို ဗီဒီယို ဘောင်တခု ပြုတ်ကျခဲ့လို့ အကသမား နှစ်ယောက် ထက်မနည်း ဒဏ်ရာရခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဇူလိုင် ၂၈ ရက်မှာ တီးဝိုင်းကဖျော်ဖြေ နေတုန်း အကသမားအပေါ်  ဗီဒီယိုဘောင်တခု ပြုတ်ကျနေတာကို တွေ့ရပါတယ်။ 

ပရိသတ် သုံးယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဟောင်ကောင် မီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။

ဗစ်တိုးရီးယားဆိပ်ကမ်းဘေးမှာရှိပြီး ဟောင်ကောင် Coliseum မှာ ဖျော်ဖြေမယ့် Mirror အဖွဲ့ဝင် ၁၂ ဦးအနက် တစ်ဦးမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ဖျော်ဖြေပွဲ ၁၂ ပွဲကျင်းပမယ့် တီးဝိုင်းကို နောက်လာမယ့် ဖျော်ဖြေပွဲတွေ ရွှေ့ဆိုင်းထားဖို့ ဟောင်ကောင် အာဏာပိုင်တွေက  အမိန့်ပေးခဲ့ပါတယ်။

စင်မြင့်တည်ဆောက်မှုတွေ လုံခြုံတယ်လို့ ယူဆတဲ့ အချိန်အထိ ကွင်းထဲက ရှိုးပွဲတွေကို ဆိုင်းငံ့ထားတယ်လို့ ယဉ်ကျေးမှုအတွင်းဝန် ကီဗင်ယီအန်းက ပြောပါတယ်။

Mirror ပရိသတ် ၁၃၀၀၀  ကျော်က ပြဿနာတွေကို ဖြေရှင်းဖို့၊ လူတိုင်းဘေးကင်းစေဖို့ ဖျော်ဖြေပွဲ စီစဉ်သူကို တောင်းဆိုတဲ့ အွန်လိုင်းအသနားခံစာ တစ်စောင်ကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ဟောင်ကောင်သူဌေးကြီး ရစ်ချတ်လီရဲ့ PCCW Media Groupက ပိုင်ဆိုင်တဲ့ ဖျော်ဖြေပွဲကို စီစဉ်သူ မာကာဗီလ်လီက အဆိုပါ မတော်တဆမှုကို သေသေချာချာ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောခဲ့ပါတယ်။

1 min Ago
Up