close

အကောက်တောင်

close

April 29, 2022

ကြံခင်းမြို့တွင် ဘုရားဖူးကား ချောက်ထဲကျပြီး ၃ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဧပြီ ၂၉ ရက်က အကောက်တောင်ဘုရားကို လာတဲ့ ဘုရားဖူးကား ၁ စီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြံခင်းဘိလပ်မြေစက်ရုံကနေ အကောင်တောင်ဘုရားကို လာတဲ့ ကားဟာ မနက် ၇ နာရီလောက် တောင်တက်လမ်းတဝက်မှာ ချောက်ထဲကျပြီး ၃ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကားမှာ အကုန် ၁၁ ဦးပါလာတာ၊ ကလေးတွေလည်းပါတယ်။ တောင်တက်လမ်း တဝက်လောက်ရောက်မှ ချောက်ထဲကျတာ။ အဲ့နေရာမှာ အမျိုးသမီး ၂ ဦးသေတယ်၊ အမျိုးသား ၁ ဦးက ဆေးရုံရောက်မှသေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကားချောက်ထဲထိုးကျချိန်မှာ အမျိုးသမီး ၂ ဦး နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူတွေကို ဆိပ်သာ တိုက်နယ်ဆေးရုံ ပို့ဆောင်ပေးချိန်မှာ အမျိုးသား ၁ ဦး ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားလူနာ ၂ ဦး၊ အမျိုးသမီးလူနာ ၁ ဦးနဲ့ ကလေး ၁ ဦးကို ဆိပ်သာဆေးရုံကနေ ဟင်္သာတဆေးရုံကို လွှဲပြောင်းကုသပေးနေရပြီး စိုးရိမ်နေရတယ်လို့ သိရပါတယ်။

အကောက်တောင်ပေါ်ရှိ ဘုရားကိုလာတဲ့ကားလမ်းမှာ တောင်တက်လမ်းဖြစ်ပြီး လမ်း ကြမ်းတမ်းတာကြောင့် ကားမောင်းတော်တော်ကျမ်းကျွင်တဲ့ သူမျိုးနဲ့သာ လာသင့်တဲ့လမ်း ဖြစ်တယ်လို့ ဒေသခံတွေက သတိပေး ပြောဆိုပါတယ်။

1 hour Ago
Up