close

အကောင်းဆုံးခြေစွမ်း

close

March 20, 2023

အကောင်းဆုံးခြေစွမ်းဖြင့် နိုင်ပွဲရခဲ့ဟု အာဆင်နယ်နည်းပြ အာတီတာ ပြော

အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲတွေရယူနိုင်ခဲ့တာက ပိုပြီးကြီးကျယ်ခမ်းနားကြောင်း အာဆင်နယ် နည်းပြအာတီတာက ပြောပါတယ်။

အာဆင်နယ်ဟာ မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး လိဂ်နောက်ဆုံး ၆ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေတိုင်းမှာ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သလို ခြေစွမ်းပြပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာဟာ ပိုပြီး ကြီးကျယ်ခမ်းနားကြောင်း နည်းပြအာတီတာကပြောပါတယ်။

ဒါပေမဲ့နိုင်ငံတကာပွဲစဉ်တွေက အပြန်မှာ လက်ရှိအသင်းလိုက်ခြေစွမ်းနဲ့ ကစားပုံကို ဆက်ထိန်းထားဖို့လိုအပ်ကြောင်းလည်း နည်းပြ အာတီတာကပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ လာမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး ပထမဆုံး ပွဲစဉ် အဖြစ် ဧပြီ ၁ ရက်နေ့မှာ လိဒ်ယူနိုက်တက်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

6 mins Ago

October 23, 2020

မန်စီးတီးအသင်း အကောင်းဆုံးခြေစွမ်းမရသေးကြောင်း ကွင်းလယ်လူ ဂွမ်ဒိုဂမ် ပြော

မန်စီးတီးအသင်း အကောင်းဆုံးခြေစွမ်းရဖို့ ရုန်းကန်နေရတယ်လို့ ကွင်းလယ်လူ ဂွမ်ဒိုဂမ်က သုံးသပ်ပါတယ်။  ပေါ်တိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ကွင်းလယ်လူ ဂွမ်ဒိုဂမ်က ပြောကြားခဲ့တာပါ။  အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ဦးဆောင်ဂိုး စတင်ပေးခဲ့ရပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့လို့ နိုင်ပွဲရခဲ့တာပါ။  ဖရီးကစ်ကနေ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဂွမ်ဒိုဂမ်ကတော့ အကောင်းဆုံး ပုံစံမရသေးကြောင်း ဝန်ခံခဲ့ပြီး ကစားသမားတွေအနေနဲ့ မတူညီတဲ့နေရာတွေကို ပြောင်းလဲ ကစားနေရလို့ စိန်ခေါ်မှုတွေ ရှိနေပြီး သူကိုယ်တိုင်လည်း ရာနူန်းပြည့် ကြံ့ခိုင်မှု မရသေးကြောင်း ပြောပါတယ်။
2 years Ago
Up