close

အကောင်းဆုံးနောက်ခံလူ

close

May 25, 2022

ဗန်ဒိုက်ကို သမိုင်းတလျှောက် အကောင်းဆုံးနောက်ခံလူအဖြစ် မိုက်ကယ်အိုဝင် သတ်မှတ်

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးနောက်ခံလူဖြစ် တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချီးကျူးပါတယ်။ 

ဟော်လန်နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အခုနှစ်ရာသီမှာလည်း ဆုဖလား ၃ လုံးရယူနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ 

ဗန်ဒိုက်စ်ဟာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ အားလုံးထက်သာလွန်ပြီး ချန်ပီယံဆုဖလားရယူနိုင်မှု နည်းပါးနေသေးတာတခုပဲ ပြောစရာရှိတယ်လို့ အိုဝင်က ပြောပါတယ်။ 

“ဗန်ဒိုက်က ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးဗဟိုနောက်ခံလူပါ။ သူက အားလုံးထက် သန်မာတယ်၊ မြန်တယ်၊ ဘောလုံးနဲ့အတူ ကစားနိုင်သလို ဂိုးတွေလည်း သွင်းနိုင်တယ်။ အရင်က ဒီလိုနောက်ခံလူကို ကျနော် တခါမှ မမြင်ခဲ့ဖူးပါဘူး။ လက်ရှိအချိန်မှာ ပြောစရာရှိတာက ဆုဖလားရယူနိုင်မှုနည်းပါးတာပဲ ရှိတာပါ။ သူက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေပဲ ရယူနိုင်သေးတယ်” လို့ မိုက်ကယ်အိုဝင်က ပြော ပါတယ်။ 

ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံးဗဟိုနောက်ခံလူတွေအဖြစ် ကမ္ဘာ့ဖလားချန်ပီယံဆု ဖလားတွေ ရယူနိုင်ခဲ့တဲ့  ဘက်ကင်ဘောင်ဝါ၊ ကန်နာဗာရို၊ ဆာဂျီယိုရာမို့စ်၊ ကာလက်စ်ပူယိုးလ် အစရှိသူတွေကို သတ်မှတ်လေ့ရှိပါတယ်။

9 mins Ago

May 11, 2020

ဗန်ဒိုက်က ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံးနောက်ခံလူဖြစ်ဟု ကွန်ပနီသုံးသပ်

ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံးနောက်ခံလူဟာ ဗန်ဒိုက်ဖြစ်တယ်လို့ မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီက ပြောပါတယ်။  ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းမှာ ကစားသမားနည်းပြအဖြစ် တာဝန်ယူနေတဲ့ ကွန်ပနီဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၆၀ ခန့် ကစားခဲ့ပြီး ဆုဖလား ၁၂ လုံး ရယူနိုင်ခဲ့ပါတယ်။  ပရီးမီးယားလိဂ်သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂျွန်တယ်ရီ နဲ့ ရီယိုဖာဒီနန်တို့ဟာ အကောင်းဆုံး နောက်ခံလူတွေအဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ လီဗာပူးနောက်ခံလူဗန်ဒိုက်က အကောင်းဆုံးနောက်ခံလူ ဖြစ်လာတယ်လို့ ကွန်ပနီကဆိုပါတယ်။  လီဗာပူးအသင်းကို ဗန်ဒိုက်မရောက်ခင်နဲ့ ရောက်ပြီး အခြေအနေတွေဟာ လုံးဝကွဲပြားမူရှိတာကြောင့် ဗန်ဒိုက်ကသာ အကောင်းဆုံးနောက်ခံလူဖြစ်တယ်လို့ ကွန်ပနီကဆိုပါတယ်။  ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်က ဆောက်သမ်တန်ကနေ လီဗာပူးဆီပြောင်းရွှေ့လာခဲ့ပြီး ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ 
2 years Ago
Up