close

အက်ဇွန်မိုဘိုင်း

close

March 3, 2022

ကျူးကျော်စစ်ကြောင့် ကမ္ဘာ့နာမည်ကြီးကုမ္ပဏီအချို့ ရုရှားရှိလုပ်ငန်းများ ရပ်ဆိုင်း

အက်ပဲလ်၊ ဂူဂယ်လ်၊ ဖို့ဒ်၊ ဟာလေဒေးဗစ်ဆင်နဲ့ အက်ဇွန် မိုဘိုင်းတို့ အပါအဝင် အမေရိကန်က လူသိအများဆုံး ကုမ္ပဏီကြီးတွေထဲက တချို့ဟာ ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားကို ပြစ်တင်လိုက်ပြီး သူတို့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုကို မလိုလားတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ သုံးစွဲသူတွေဆီက ဖိအားတွေလည်း တဖြည်းဖြည်း ပိုတိုးလာနေတာပါ။

အက်ပဲလ် နိုင်ငံတကာ ကော်ပိုရေးရှင်းက သူ့ရဲ့ အိုင်ဖုန်းနဲ့ တခြား ထုတ်ကုန်တွေကို ရုရှားနိုင်ငံထဲမှာ အရောင်းရပ်လိုက်ပြီလို့ မတ်လ ၁ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲက အရပ်သားတွေကို ကာကွယ်ဖို့ သူ့ရဲ့မြေပုံ အပလီကေးရှင်းကိုလည်း အပြောင်းအလဲတွေ လုပ်နေပြီလို့ ပြောပါတယ်။

အယ်လ်ဖာဘတ်နဲ့ ဂူဂယ်လ် အပါအဝင် နည်းပညာ ကုမ္ပဏီတွေကလည်း ရုရှားအစိုးရစာနယ်ဇင်း ထုတ်ဝေဖြန့်ချိသူတွေကို သတင်းကဏ္ဍကနေ ဖြုတ်ချလိုက်ပါတယ်။

ရုရှားနိုင်ငံထဲမှာ ပူးတွဲစက်ရုံ ၃ ရုံရှိတဲ့ ဖို့ဒ်ကုမ္ပဏီကလည်း ရုရှားမှာ ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းမယ်လို့ သူ့ရဲ့ ရုရှားစီးပွားဘက်ကို ပြောလိုက်ပါပြီ။

မော်တော်ဆိုင်ကယ်ထုတ်လုပ်သူ ဟာလေ ဒေးဗစ်ဆင်ကလည်း သူ့ဆိုင်ကယ်တွေ ရုရှားကို မပို့တော့ဘူးလို့ ပြောပါတယ်။ အက်ဇွန် မိုဘိုင်း ကော်ပိုရေးရှင်းကလည်း ရုရှားမှ ဆက်ပြီး မထုတ်လုပ်တော့ဘူးလို့ ပြောပါတယ်။

ရုရှားမှာ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဗြိတိန် စွမ်းအင်လုပ်ငန်းကြီး ဘီပီ ဘီပီအယ်လ်နဲ့ ရှဲလ် ပြည်သူ့ကော်ပိုရေးရှင်းတို့ကလည်း ရုရှားမှာ ဆက်ပြီး အလုပ်မလုပ်တော့ဘူးလို့ ပြောခဲ့ကြပါတယ်။

1 min Ago
Up