close

အက်သလက်တီကိုအသင်း

close

June 5, 2022

အက်သလက်တီကိုအသင်း၏အဆင့်အတန်း ပျက်စီးသွားပြီဟု တိုက်စစ်မှူး ကော်စတာဝေဖန်

အက်သလက်တီကိုအသင်းရဲ့ အဆင့်အတန်းဟာ ဥရောပထိပ်တန်းအသင်းတစ်သင်းရဲ့ အဆင့်အတန်းမရှိတော့ဘဲ ပျက်စီးသွားပြီလို့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကဝေဖန် ပါတယ်။

ကော်စတာဟာ ၂၀၂၀ ပြည့်နှစ်က အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဘရာဇီးကလပ် မင်နဲရိုးမှာပြန်ကစားခဲ့တာပါ။

သူဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အက်သလက်တီကို အသင်းမှာ ပထမအကြိမ် ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လာပြောင်းရွှေ့လာခဲ့တာပါ။

လာလီဂါချန်ပီယံဆုဖလားရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အက်သလက်တီကိုအသင်းမှာ လက်ရှိအချိန်မှာတော့  အဲဒီအဆင့်အတန်း မရှိတော့ကြောင်း ကော်စတာက ထောက်ပြဝေဖန်ခဲ့တာပါ။

“အက်သလက်တီကိုမက်ဒရစ်က ဥရောပမှာ စိန်ခေါ်နိုင်လောက်တဲ့ အဆင့်အတန်းမရှိတော့ပါဘူး။ မင်နဲရိုးအသင်းရဲ့ ကစားသမားတွေအပေါ် တည်ဆောက်မှု၊ အရည်အသွေးနဲ့ အစားအသောက်တွေက ပိုကောင်းပါတယ်။ အက်သလက်တီကိုမှာ ဥရောပအဆင့်အတန်း ဘာမှမရှိတော့ပါဘူး။ ကျနော်လိမ်ပြောနေတာမဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းက အဝတ်လဲခန်းက စုတ်ပြတ်နေပြီး အကယ်ဒမီဟာလည်း သေဆုံးသွားခဲ့ပါပြီ” လို့ ကော်စတာက ဝေဖန်ခဲ့ပါတယ်။

ကော်စတာဟာ အခုနှစ်ဆန်းပိုင်းက မင်နဲရိုးအသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းသစ်ရှာ ဖွေနေဆဲဖြစ်ပါတယ်။

2 mins Ago

September 26, 2020

တိုက်စစ်မှူး ဆွာရက်ဇ်နှင့် အက်သလက်တီကိုအသင်း ၂ နှစ် စာချုပ် ချုပ်

တိုက်စစ်မှူးဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။  ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ဟာ အသင်းနဲ့ပရိသတ်တွေကို တရားဝင် နှုတ်ဆက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်က အက်သလက်တီကိုနဲ့ ဆေးစစ်မှုခံယူခဲ့တာပါ။  အသက် ၃၃ နှစ်ရှိ ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့ တစ်နှစ်စာချုပ်သက်တမ်းကျန်ရှိပေမဲ့လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာဘက်က ထွက်ခွာခွင့်ပြုခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့လည်း အက်သလက်တီကိုဘက်က ဆုကြေးအနေနဲ့ဘာစီလိုနာကို ယူရို ၆ သန်း ပေးချေရဖို့ ရှိတယ်လို့ ဆိုပါတယ်။  ဆွာရက်ဇ်ဟာ  အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး ကွင်းထဲမှာ သွင်းဂိုးတွေ သက်သေပြနိုင်သူဖြစ်တာကြောင့် သူ့ရဲ့နေရာမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ အက်သလက်တီကိုအသင်းရဲ့ ထုတ်ပြန်ချက်မှာ ချီးကျူးခဲ့ပါတယ်။  မနှစ်က လာလီဂါသွင်းဂိုး ၁၆ ဂိုး ရခဲ့တဲ့ ဆွာရက်ဇ်ဟာ စက်တင်ဘာ ၂၅ ရက်ကပဲ လေ့ကျင့်ခန်းဆင်းခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့ ကစားရမယ့် ဂရန်နာဒါနဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်ကစားရဖို့ ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up