close

အကျင့်ပျက်ခြစား

close

February 18, 2022

ဟန်ဂေရီအစိုးရ အကျင့်ပျက်ခြစားနေဟု အတိုက်အခံခေါင်းဆောင်စွပ်စွဲ

ဟန်ဂေရီ ဝန်ကြီးချုပ်ဗစ်တာအော်ဘန်ရဲ့အစိုးရဟာ နိုင်ငံအတွင်း အကန့်အသတ်မရှိ  ပမာဏများပြားတဲ့ အဂတိလိုက်စားမှုတွေလုပ်နေတယ်လို့ အတိုက်အခံခေါင်းဆောင် ပီတာမာကီဇေးက  စွပ်စွဲလိုက်ပါတယ်။
ဧပြီ ၃ ရက် ရွေးကောက်ပွဲမဲဆွယ်မှု မစခင် သူက အဲဒီလို စွပ်စွဲလိုက်တာပါ။ ဟန်ဂေရီပြည်သူတွေ နေ့စဉ်စားဝတ်နေရေး အသည်းအသန်ရုန်းကန်လှုပ်ရှားနေရချိန်မှာ ဗစ်တာအော်ဘန်ရဲ့ အစိုးရအဖွဲ့နဲ့ သူတို့မိသားစုလူတစုက တိုင်းပြည်ဓနဥစ္စာတွေကို မရှက်မကြောက် သားရဲ မရဲစီးပြီး ခိုးဝှက် နေတယ်လို့ ပီတာ မာကီဇေးက ပြောခဲ့တာပါ။

သူအစိုးရဖြစ်လာရင် ဟန်ဂေရီရဲ့ အခြေခံမိသားစုဝင်တွေ ဝင်ငွေနှစ်ဆတိုးမြှင့်ရေး၊ ဥရောပသမဂ္ဂ အကူအညီနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး အခြေခံဥပဒေသစ်ရေးဆွဲရေးတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

မာကီဇေးက မြို့ငယ်လေးတမြို့ရဲ့ မြို့တော်ဝန်ဖြစ်ပြီး ကလေး ၆ ယောက်ဖခင်၊ ကက်သိုလစ်ဘာသာဝင်ပါ။ ခြစားနေတဲ့ ဟန်ဂေရီအစိုးရကို ဒီမိုကရေစီအဆင့်မီ ပြန်လည် ပြုပြင်လိုသူပါ။ 

2 mins Ago
Up