close

အကျဉ်းကျ

close

December 11, 2021

ကမ္ဘာတဝန်း သတင်းမီဒီယာသမား ၂၉၃ ဦး အကျဉ်းကျခံနေရ

၂၀၂၁ ခုနှစ်မှာ မြန်မာသတင်းသမားတွေအပါအဝင် ကမ္ဘာတဝန်း မီဒီယာလုပ်သား ၂၉၃ ယောက် အကျဉ်းထောင်တွေထဲက သံတိုင်တွေနောက် ရောက်နေရတယ်လို့ နယူးယောက်အခြေစိုက် သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်း ဖမ်းဆီးခံ အယောက် ၂၈၀ ရှိတဲ့စာရင်းကို ပြန်လည်မွမ်းမံတာဖြစ်ပြီး ၂၀၂၁ ခုနှစ် စာရင်းအသစ်အရ သတင်းထောက် အလုပ်အကိုင်ကြောင့် ထောင်ချခံရတဲ့ အရေအတွက်ဟာ ကမ္ဘာလုံးဆိုင်ရာစံချိန်သစ်အဖြစ်  ၂၉၃ ယောက်ထိ ရှိသွားခဲ့ပြီလို့ CPJ ရဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ 

ဒီနှစ်အထိ သတင်းယူလို့ သေဆုံးရတဲ့ အနည်းဆုံး သတင်းထောက် ၂၄ ယောက်ရှိပြီး၊ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဟုတ် မဟုတ် မရှင်းလင်းသေးတဲ့ အခြေအနေမှာ သေဆုံးသွားရတဲ့ နောက်ထပ် သတင်းထောက် ၁၈ ယောက် ရှိပါတယ်။

တရုတ်နိုင်ငံဟာ ၃ နှစ်ဆက်တိုက် ကမ္ဘာ့အဆိုးဝါးဆုံး သတင်းထောက်တွေ အကျဉ်းချခံရတဲ့နိုင်ငံဖြစ်ပြီး အကျဉ်းကျနေတဲ့သတင်းထောက် အယောက် ၅၀ ရှိပါတယ်။

မြန်မာနိုင်ငံက ဒုတိယအဆိုးဝါးဆုံးနိုင်ငံ နေရာကို တက်လာခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းချခံထားရတဲ့ သတင်းမီဒီယာသမား ၂၆ ယောက် ရှိပါတယ်။

အီဂျစ်မှာ ၂၅ ယောက်နဲ့ တတိယ၊ ဗီယက်နမ်မှာ ၂၃ ယောက်နဲ့စတုတ္ထနေရာ၊ ဘီလာရုစ်က ၁၉ ယောက်နဲ့ ထိပ်ဆုံး ၅ နိုင်ငံမှာ ပါဝင်နေပါတယ်။

အာဏာရှင်တွေဟာ သူတို့ အာဏာရဖို့အတွက် နိုင်ငံတကာ စံနှုန်းတွေကို ဆန့်ကျင်နေကြတယ်လို့လည်း   CPJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

55 seconds Ago
Up